စုကလိမြို့တွင် စားသောက်ကုန်ရောင်းချလျက်ရှိသောဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမဖြစ်စေရန်အတွက် စစ်ဆေးဆောင်ရွက်

စုကလိ ဇူလိုင် ၁၅

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိ မြို့တွင် စားသောက်ကုန်ပစ္စည်းများရောင်းချလျက်ရှိသော ဆိုင်များအား စစ်ဆေးခြင်းကို မြို့စည်ပင် သာယာရေးအဖွဲ့တာဝန်ခံ ဦးစည်သူကျော် ဦးဆောင်၍ မြို့မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် စုကလိမြို့ရှိ စားသောက်ကုန်ပစ္စည်းရောင်းချလျက်ရှိသောဆိုင်များ အနေ ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid- 19 ရောဂါကာကွယ်ရန် အတွက် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် လက်လီဆိုင်များဖွင့်လှစ်ရာတွင် လိုက်နာရမည့် အချက်များ (Version-1.0) အတိုင်းဆောင်ရွက်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို အသိပညာပေးရှင်းလင်းခဲ့ ကြကြောင်း သိရသည်။

ဇော်နိုင်လင်း