အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံသူ (၈)ဦးထပ်မံ တွေ့ ရှိခဲ့ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ ညနေ သတင်းထုတ်ပြန်ချက် အရသိရသည်။
Jul 15,2021
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအသစ် ၉၀ ဦးတွေ့ ရှိပြီး သေဆုံးသူ ၅ ဦး ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများအား မဲကနယ် ကိုဗစ် positive စင်တာနှင့် ကျောက်လုံးကြီး ကိုဗစ် positive စင်တာတို့ ဖွင့်လှစ်ထားရှိပြီး ကုသပေးလျက်ရှိကာ အထူး ကြပ်မတ်ကုသရန်လိုအပ်သည့် လူနာများအား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းညီနောင် တိုက်နယ်ဆေးရုံတို့တွင် အထူးကြပ်မတ် ကုသပေးလျက်ရှိကြောင်း သိရသည်။
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းမှ ကြိုတင် ကာကွယ်နိုင်ရေးနှင့် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ Oxygen ထုတ်လုပ်သည့်စက်ဝယ်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြသိန်းတန်ရပ်ကွက်၊ မြို့ပတ်လမ်း၊ AKD Hotelတွင် ပြုလုပ်ခဲ့‌‌ကြောင်း သိရသည်။
Jul 15,2021
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့နှင့် ရွှေပေါက်ကံကျေးရွာ ချင်းဆက်လမ်း စိမ်းလန်းစိုပြေရေးနှင့် မိုးရာသီသစ်ပင်စိုက်ပွဲတော် အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက် ၈ နာရီခန့်က ကျင်းပခဲ့သည်။
Jul 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ယမန်နေ့ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာနှင့် ဆက်စပ်ထိတွေ့ခဲ့သည့်သူများအား RDT Test Kit ဖြင့် ဆက်လက်စစ် ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၈ ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။
Jul 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် Covid-19 ရောဂါ၊ ကာကွယ်၊ တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့အဝင်ပေါက်တွင် ဝင်/ထွက်သွားလာသော ရဟန်းရှင်လူမိဘပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ဇူလိုင် ၁ ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ် - ၁၉ ပိုးတွေ့ အတည်ပြုလူနာ (၂၉၈)ဦးအထိ ရှိလာပြီး၊ ပြည်သူများအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များကို လိုက်နာဆောင်ရွက်မှု အားနည်းလျက်ရှိကြောင်းလည်း သိရသည်။
Jul 15,2021
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို ပြည်သူ့ဆေးရုံ ကြပ်မတ်ကုသဆောင်၊ ပြည်ထောင်စု အားကစားကွင်း မိုးလုံလေလုံခန်းမ၊ ပညာရေးကောလိပ်စောင့်ကြည့်ဆောင်နှင့် မိုးကုတ်ဝိပသနာ စခန်းတို့တွင် စောင့်ကြည့်ကုသလျက်ရှိသည်။