မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

မုံးကိုး   ဇူလိုင်   ၁၅

မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့အနှံ့အပြားတွင် ပိုးသတ်ဆေးဖြန်းခြင်းကို ယမန်နေ့ ညနေပိုင်း က ဆောင်ရွက်သည်။

ပိုးသတ်ဆေးဖြန်းခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ က စည်ပင်သာယာဈေး၊ မြို့အတွင်းလမ်းမများတွင် စနစ်တကျ ဆောင်ရွက်သည်။

ထို့ပြင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါတွေ့ရှိသည့် နေအိမ်များ၊ Quaratine Center များတွင် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။ မုံးကိုးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၈)ဦး အထိတွေ့ရှိထားပြီး ရောဂါပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ က အရှိန်မြှင့်တင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သန်းဇော်ဦး