မိုးညိုမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေးများနှင့် ဆိုင်များ သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး ထုတ်ပြန်ထားရှိ

မိုးညို ဇူလိုင် ၁၅
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေး များနှင့် ဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေးကို ယမန်နေ့က မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။
 
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ခြင်း၊ ကာကွယ်ကုသခြင်း လုပ်ငန်းစဉ်များအား ပိုမို ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် မိုးညိုမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေးများနှင့် ဆိုင်များ ဖွင့်လှစ်ရောင်းချရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား အထူးတိကျစွာ လိုက်နာ ဆောင်ရွက်ရန်၊ နေ့စဉ်မရှိမဖြစ်လိုအပ်သော အခြေခံ ဆန်၊ ဆီ၊ ဆေးဝါးနှင့် အခြားကုန်ခြောက် (စားသောက်ကုန်များ) ရောင်းချသည့်ဆိုင်များသာ ဖွင့်လှစ်ရန်နှင့် ၎င်းဆိုင်များမှအပ အခြားကုန် ပစ္စည်း ရောင်းချသော ဆိုင်များအား ဇူလိုင်လ ၁၄ ရက် နေ့ မှစ၍ ယာယီပိတ်ထားရန်၊ ဈေးများတွင် ဈေးရောင်းချသူ၊ ဈေးဝယ်သူ များအနေဖြင့် Mask အား မဖြစ်မနေ တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ မကြာခဏ လက်ဆေးခြင်း ဆောင်ရွက် ရန်နှင့် ညွှန်ကြားချက်များအပေါ် လိုက်နာခြင်း မရှိပါက ဒဏ်ငွေပေးဆောင်စေခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ထုတ်ပြန် ချက်အရ သိရသည်။
 
ကိုမင်း