သာယာဝတီမြို့နယ်တွင် အောက်စီဂျင်စက် တည်ဆောက်ရန် အလှူငွေများ လှူဒါန်း

သာယာဝတီ ဇူလိုင် ၁၅
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ယခုလက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ဝေဒနာရှင်များအတွက် လိုအပ်အပ်လျက်ရှိ သော ဝေဒနာရှင်များ၏ အသက်ကို ကယ်တင်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အောက်စီဂျင်စက် တည်ဆောက်ရန် အလှူရှင်းများက လှူဒါန်း လျက်ရှိကြောင်း သိရသည်။
 
ထိုသို့ လှူဒါန်းရာတွင် ဦးမောင်မောင်၊ ဦးပြုံးချို၊ ဒေါ်သန်းသန်းဌေး (သာယာဝတီ) တို့က အလှူငွေ ကျပ်သိန်း(၂၀၀)၊ ဦးမြင့်လွင်+ဒေါ်စန်းစန်းယဉ် (ညီမ)ဒေါ်ခင်စန်းဝေ (ရွှေစင်လွင်ရတနာရွှေဆိုင်) မိသားစု (သာယာဝတီ)မှ အလှူငွေကျပ်သိန်း(၂၀၀)၊ ဦးကောက်ကြိုင်း+ဒေါ်ချိုမိသားစု၊ ကိုမြင့်ဦး (စတိုးဆိုင် သာယာဝတီ)မိသားစုမှ အလှူငွေကျပ်(၁၀)သိန်း၊ ကွယ်လွန်သူ ဒေါ်ခင်စန်းမြင့်အား ရည်စူး၍ ရန်ကုန်မြို့နေ ဦးထွန်းကြည်နှင့် သားသမီး မြေးတစ်စုကောင်းမှု အလှူငွေကျပ်(၁)သိန်း၊ ကိုခိုင်ဖြိုးထွန်း+ မတင်နီလာဝင်း သမီးကြီး မဝင်းလဲ့ခိုင်၊ သမီးငယ် မဖူးပွင့်ခိုင်(ရွှေသရဖူ)မိသားစု ကောင်းမှု အလှူငွေကျပ် (၅)သောင်း စုစုပေါင်းငွေကျပ် လေးရာတစ်ဆယ့် တစ်သိန်း ငါးသောင်းကျပ် လှူဒါန်းကြကြောင်း အောက်စီဂျင်စက်တည်ဆောက်ရေး ကော်မတီထံမှ သိရသည်။
 
သန့်ဇော်