အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်အတွင်း နှင်းသီး(ကြောင်မျက်လုံးသီး)ကို ဝယ်ယူစားသုံးသူများပြားသဖြင့် ခူးယူရောင်းချသူများ အဆင်ပြေလျက်ရှိသည်။
Jul 15,2021
မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့အနှံ့အပြားတွင် ပိုးသတ်ဆေးဖြန်းခြင်းကို ယမန်နေ့ ညနေပိုင်း က ဆောင်ရွက်သည်။
Jul 15,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွာသာရွာမှ တောင်သူများသည် ရာသီဥတု မကောင်း၍ မိုးသီးနှံများ စိုက်ပျိုးရာတွင် ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းသည့်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် တောင်သူ လုပ်ငန်းအပြင် သိုးနှင့်ဆိတ်ကို တွဲဖက် မွေးမြူထားကြကြောင်း ရွာသာကျေးရွာမှ တောင်သူ တစ်ဦးထံမှ သိရသည်။
Jul 15,2021
မကွေးတိုင်ဒေသကြီး မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာမှ ငရုတ်စိုက် တောင်သူများ ငရုတ်သီးစိမ်း ဈေးကောင်း၍ အဆင်ပြေလျက် ရှိကြကြောင်း ရေတွင်းကုန်းကျေးရွာ ဒေသခံ တောင်သူများထံမှ သိရသည်။
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီထိ ပိုးတွေ့လူနာသစ် (၁၂) ဦးတွေ့ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူပေါင်း (၅၉၄) ဦးရှိပြီး သေဆုံးသူ (၁၅) ဦးရှိကာ ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
Jul 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အနေ ဖြင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို မြို့မဈေး ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင် ရာရုံးများ နှင့်ပြည်သူများအသွားအလာများပြားသည့်နေရာများတွင် လိုအပ်သလိုဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ည ၈ နာရီက မြို့နယ်မှတာဝန်ရှိသူများနှင့် လူမှုကူညီရေး အသင်း အဖွဲ့များပူးပေါင်းကာ နမ့်စန်မြို့တွင်းရှိ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ပိုးသတ်ဆေး များ ပက်ဖျန်းခဲ့ကြောင်း သိရသည်။
Jul 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သော ပျံကျဈေးများဖြစ်သည့် ဘူတာဈေးနှင့် အမှတ် ၈ ရပ်ကွက်ရှိ အခွန်လွတ်ဈေးတို့ကို ဇူလိုင် ၁၆ ရက်နေ့မှစ၍ ရက်သတ္တပတ် ၁ ပတ်ခန့် ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
Jul 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့သူ အမျိုးသမီး (၂)ဦးနှင့် ထိတွေ့ခဲ့သူများ၊ ရန်ကုန်မြို့မှ မျက်စိခွဲစိတ်၍ ပြန်လည် ရောက်ရှိလာသူများ၊ Home Quarantine ဝင်ရောက်နေသူ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၁၅) ဦးအား ယမန်နေ့က RDT စက်ဖြင့် စမ်းသပ်စစ်ဆေးရာ အဆိုပါ (၁၅) ဦး အနက် (၄)ဦး၌ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။