အမြို့မြို့အနယ်နယ်သတင်းများ

Aug 10,2021
လားရှိုးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုင်းရယ်မြို့နယ်အတွင်းရှိ တောင်သူများ အတွက် ၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်များ ထုတ်ချေးခြင်းကို ယနေ့နံနက် (၉)နာရီက မိုင်းရယ်မြို နမ့်ရယ်ခန်းမတွင်ပြုလုပ်သည်။
Aug 10,2021
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက် (D&W )မိသားစုတို့မှ ထမင်းနှင့်ဟင်းများ လှူဒါန်ပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ လှူဒါန်းရာတွင် ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ အလှူရှင်မှလှူဒါန်းသော ထမင်းနှင့်ဟင်းများကို ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၄၀)အား လိုက်လံလှူဒါန်းပေးခဲ့ကြသည်။
Aug 10,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ)ခွင့်ပြုရန်ပုံငွေ ကျပ် (၁၈၄.၆၅)သန်းဖြင့် ကျေးရွာနှစ်ရွာကို အကျိုးပြုသည့် ညောင်ပင်ကုန်းကျေး လက် ကုန်ထုတ်လမ်းခင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Aug 10,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီက ရန်ကင်းမိုးကောင်းဘုရား စေတီဝင်းအတွင်းရှိ အရိယာဓမ္မာရုံ၌ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ဆရာတော်သံဃာတော်များအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Aug 10,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ်ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ စုရပ်အခြေပြု၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၁၉၄၆ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။
Aug 10,2021
ကချင်ပြည်နယ်၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဒေသတွင်းဆေးဝါးနှင့် ဆေးဝါးပစ္စည်း များ ပြတ်လပ်မှုမရှိစေရေး သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချဖြန့်ဖြူးပေး နိုင်ရေးတို့ အတွက် ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်ဝန်ကြီးချူပ် က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြစ်ကြီးနားမြို့ရှိ ဆေးဆိုင်များ၊ အရောင်းကိုယ်စားလှယ် များမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
Aug 10,2021
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်း‌ဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ရောက်ရှိခဲ့သည်။
Aug 10,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုများကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပုသိမ်မြို့တော်ခန်းမ၊ အ.ထ.က ၁၊ အ.ထ.က ၄၊ နည်းပညာတက္ကသိုလ်စုရပ်နေရာများတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ပိုင်းက ကာကွယ်ဆေးထိုးနှံပေးနေမှုများကို တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်နှင့် စေတနာ့ဝန်ထမ်းများက ဆေးထိုးရန် လာရောက်ကြသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအသီးသီးမှ ပြည်သူများကို စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိ ကြသည်။