ရွှေသောင်ယံ သြဂုတ် ၁၀
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက် (D&W )မိသားစုတို့မှ ထမင်းနှင့်ဟင်းများ လှူဒါန်ပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ လှူဒါန်းရာတွင် ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ အလှူရှင်မှလှူဒါန်းသော ထမင်းနှင့်ဟင်းများကို ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၄၀)အား လိုက်လံလှူဒါန်းပေးခဲ့ကြသည်။
ယခုလို လှူဒါန်းရခြင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသော ကာလအတွင်း ရပ်ကွက်နေပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှ စားသောက်ရေးအဆင်ပြေစေရန် လှူဒါန်းပေးခြင်းဖြစ်ကြောင်း ယခုလိုလှူဒါန်းမှုမျိုးကို လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (D&W)ရှိ အလှူရှင် ဒေါ်ဝါဝါထံမှ သိရသည်။
ရွှေသောင်ယံ