အမြို့မြို့အနယ်နယ်သတင်းများ

Aug 10,2021

အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူဖြစ်စေမည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်နှင့်အဖွဲ့ဝင်များ က သြဂုတ်လ(၁၀)ရက် နံနက်(၁၀)အချိန်သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

Aug 10,2021
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ရောဂါသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ဖြစ်ပေါ်ပျံ့ပွားလျက်ရှိရာ လူစုလူဝေး ဖြစ်စေသော နောင်ချိုမြို့မဈေးနှင့်ကျေး လက်ဈေးများ ၊ ညဈေးတန်း တို့ကို ဩဂုတ် ၂၄ ရက်နေ့ အထိတိုးမြှင့်၍ ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
Aug 10,2021
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုင်းဖြတ်လူမှုကူညီရေးအသင်းသို့ ​​ မော်​တော်ယာဉ်တစ်​စီး ​ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က အဆိုပါ အသင်း ရုံး၌ ကျင်းပပြုလုပ်သည်။
Aug 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ကျေးရွာ(၄)ရွာအား ဆိုလာမီး(၁၆၁)စုံ ထောက်ပံ့ပေးအပ်ခြင်းအခမ်းနားကို ယနေ့နံနက်(၁၀)နာရီက ဟွေအောကျေးရွာခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Aug 10,2021
ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ စုကလိမြို့ ဆုံစည်းမြိုင်ကျေးရွာတွင် BMP ဆင်းသုခစပါးမျိုးဖြင့် စံပြစိုက်ခင်း အဖြစ် စတင် စမ်းသပ်စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
Aug 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ၊ တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး sinopharm ကို ပထမသုတ်အဖြစ်၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၃ ရက်နေ့အတွင်း ထိုးနှံပေးခဲ့ပြီး ဒုတိယအသုတ်အဖြစ် တာလေမြို့အတွင်းရှိ အသက်(၆၅)နှစ် အထက် ဒေသခံပြည်သူများကို အ.ထ.က(တာလေ) ကျောင်းဝင်း အတွင်း ချယ်ရီခန်းမဆောင်၌ ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
Aug 10,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ (၁၀၀၀) ဦးစာ ထပ်မံရရှိသည့်အတွက် ထိုးနှံရန်ကျန်ရှိသည့် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ဘဏ်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ Volunteer များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ယနေ့နံနက် (၉) နာရီက အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Aug 10,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့အတွက် ရေဘေးကယ်ဆယ်ရေး လှေနှင့်ဆက်စပ်ပစ္စည်းများကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။