အမြို့မြို့အနယ်နယ်သတင်းများ

Aug 10,2021
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ် သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် အဖြစ် လူဦးရေ ၄၀၀၀ ဦးကို ထိုးနှံပြီး ကြောင်း သိရသည်။
Aug 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၆၅၅ စု ထံသို့ အခြေခံစားသောက်ကုန် သုံးမျိုးကို ဝက်လက်မြို့ အမှတ် ၂ ရပ်ကွက်တွင် နေထိုင်ကြသော ဦးသူရိန်လင်း+ဒေါ်မာမာသင်းမိသားစုမှ သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်း မှ စတင်၍ ယမင်းသူစတိုး ရှေ့တွင် အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 10,2021
ရခိုင်ပြည်နယ်​ တောင်ကုတ်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်−၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ် ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန်မှ မွန်းလွဲ ၁၂ နာရီအချိန်ထိ ၎င်းနေ့လယ် ၁နာရီ အချိန်မှ ညနေ ၄ နာရီအချိန်ထိ ကင်းတောင်စံပြကျေးရွာအုပ်စု ဘုန်းတော်ကြီး ကျောင်း၌ လူမျိုးဘာသာမရွေး စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Aug 10,2021
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့မှ တောင်သူ ဦးကြီးများအား ၂၀၂၁ - ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
Aug 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophran) ထိုးနှံပေးခြင်းကို ဩဂုတ်လ(၃)ရက်နေ့မှ စတင်ထိုးနှံပေးခြင်းကို ဩဂုတ်လ ၉ရက်နေ့အထိ လူဦးရေ (၃၀၀၀)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
Aug 10,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး အဆင်ပြေစွာ လာရောက်ထိုးနှံနိုင်ရေးအတွက် ဩဂုတ် ၁၀ ရက်၊ ယနေ့ နံနက်ပိုင်းက နေရာ(၃)နေရာခွဲ၍ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးရာ စုစုပေါင်း ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ ၉၉၂ ဦး ရှိကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
Aug 10,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မနိုင်ငံထုတ် Sinopharm ဆေးအမျိုးစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စလင်းမြို့နယ် အတွင်းရှိ ပြည်သူများနှင့် အသက်၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ဆက်လက် ထိုးနှံပေးခြင်းလုပ်ငန်းကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျေးရွာများ အတွက် စုရပ်အသီးသီးသတ်မှတ်ထိုးနှံပေးလျက်ရှိသည်။
Aug 10,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင်ရင်းရှည်ရေလှောင်တမံနှင့် မန်းချောင်းရေလှောင်တမံ ရှိသည့်အနက် မန်းချောင်းရေလှောင်တမံသည် ဩဂုတ်လ ၉ ရက်နေ့တွင် ဆည်ရေပြည့်အမှတ် (R.l 625.00) ရှိရာမှ ဩဂုတ်လ ၁၀ ရက်နေ့တွင် (R.L 625.5)သို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ (0.05)ပေအမြင့်အဖြစ် စတင် ရေကျော်လျက်ရှိ၍ တမံ၊ ရေထုတ်ပြွန် နှင့် ဆက်စပ်အဆောက်အဦများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း နှင့် (၂၄)နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း ငဖဲမြို့နယ်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှသိရသည်။