ကျောင်းကုန်း ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ရောက်ရှိခဲ့သည်။
ရှေးဦးစွာ မြို့နယ် ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနရှေ့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက PPE ဝတ်စုံ (၁၀၀)စုံ ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က လက်ခံ ရ ယူခဲ့ပြီး၊ အလှူငွေကျပ်(၅) သိန်း ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်း က လက်ခံရ ယူခဲ့သည်။ ဆက်လက်၍ ပြည်သူ့ ဆေးရုံဝန်းအတွင်း၌ O2 Plant တည်ဆောက်နေမှုအား ကြည့်ရှုကာ အမြန်ဆုံးပြီးစီးနိုင်ရေး အားပေးစကား ပြောကြားပြီး၊ အောက်ဆီဂျင် ၄၀ လီတာအိုး(၂၀)လုံး ပေးအပ်ခဲ့ ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ စုရပ်(၁)ရှိ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများ ကို အားပေး စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်