အမြို့မြို့အနယ်နယ်သတင်းများ

Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူအများ ပူးပေါင်း ပါဝင်လာစေရေး အသိပညာပေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက မြို့သစ်မြို့၊ တမူး-စေတီကားလမ်း၌ ဆောင်ရွက်ခဲ့သည်။
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊  ဝန်းသိုမြို့နယ်၊ ကံကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်ခဲ့သော ကျေးရွာမတည်ရန်ပုံငွေ ဒုတိယအကြိမ် ပြန်လည် ထုတ်ချေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲအခမ်းအနားကို  ယမန်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Aug 09,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊  တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ   ဝမ်ပုံဆိပ်ကမ်း၌  လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့်  ကြုံတွေ့နေရသည့်    မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၇၆)ဦးကို ယမန်နေ့၊  မွန်းလွဲ(၂)နာရီအချိန် က တာချီ လိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေ:စွာကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
Aug 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမ ကွက်သစ်ကျောင်းတိုက်အတွင်း တည်ဆောက်မည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများကို လှူဒါန်းလျက်ရှိသည်။
Aug 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် နိုင်ငံတော်မှ မြို့နယ်အတွက် ရရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm အား ရဟန်းသံဃာ သာသနာ့ ဝန်ထမ်းများ၊ အခြားဘာသာရေး ခေါင်းဆောင်များ၊ အသက်(၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ အပါအဝင် မြို့နေပြည်သူများအား ထိုးနှံပေးလျက်ရှိရာ ခရိုင်ပြည်သူ့ ကျန်းမာရေးဌာန၏ ယမန်နေ့ စာရင်းအရ(၃၈၄၆)ဦးအား ထိုးနှံ့ပေးပြီး ဖြစ်ကာ ယနေ့အထိ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 09,2021
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးနိုးဆော်မှုများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နနက်ပိုင်း အချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌  အသိပညာပေးနိုး ဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 09,2021
            စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များ၊ သံဃာတော်များ၊ ပရဟိတ လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဈေးသည်များကို ဩဂုတ်လ ၉ ရက် နံနက် ၈ နာရီက ပြည်သူ့ဆေးရုံ(မိခင်နှင့်ကလေး ကျန်းမာရေး ဌာန)နှင့် အထက တို့တွင် နေရာ(၂) နေရာခွဲ၍ ပဉ္စမနေ့မြောက် ဆက်လက် ထိုးနှံပေးလျက် ရှိသည်။