Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းဘူးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၂၀၀၅၁ ဦးရှိ
Aug 09,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဩဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီမှစ၍ ထိုးနှံပေးလျက်ရှိကာ ယနေ့အထိ ငါးမြို့နယ် ထိုးနှံပြီးသူပေါင်း ၂၀၀၅၁ ဦးထိုးနှံပြီးသွားပြီ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်အတွင်းရှိ Stay at home (နေအိမ်နေထိုင်ရေး) အကျုံးဝင် ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရေး အသိပ…
Aug 09,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ Stay at home (နေအိမ်တွင်နေထိုင်ရေး) အကျုံးဝင် ပြည်သူများအနေဖြင့် နံနက် ၁၀နာရီမှ ညနေ ၅နာရီအချိန်အတွင်း ကျန်းမာရေးကိစ္စနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းများမှအပ နေအိမ်ပြင်ပ ထွက်ခွာ သွားလာခြင်း မပြုရန် ယမန်နေ့ ညနေ ၅နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်သည်။
အပြည့်အစုံ ဖတ်ရန်
ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်
Aug 09,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု များပြားနေသည်ဖြစ်ရာ အသိပညာပေးနှိုးဆော်ချက်များကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၄) ရပ်ကွက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းရှိ တံတားများအား သွားရောက်ကြည့်ရှုစစ်ဆေး
Aug 09,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး၊ ပြည်နယ်လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးအောင်၊ ပြည်နယ်တံတားအထူးအဖွဲ့(၁၄)မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး)လမ်းရှိ တံတားများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား အသိပေးနှိုး ဆော်ခြင်း၊ အသိပညာပေး ပိုစတာများ ကပ်ခြင်းနှင့် နှာခေါင်းစည်း(m…
Aug 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီခွဲတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့က ကုန်စိမ်းနှင့် သားငါးယာယီဈေးနှင့် အုန်းကြောရွာသစ်တို့တွင် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများ ကပ်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်၊ ဖုံသာကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေသားရေကန်တူးဖော်ပ…
Aug 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်စေရေး အတွက်၊ အဝီစိစက်ရေတွင်းများ တူးဖော်ပေးခြင်းနှင့် မြေသားမိုးရေ လှောင်ကန်တူးဖော်ခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၃)နာရီက ဖုံသာကျေးရွာ မြေသားရေ ကန်တူးဖော်ပြီးစီးမှုများကို မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ရုံးအဖွဲ့ဝင် များက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ အသံချဲ့စက်ဖြင့် လှည့်လည်န…
Aug 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်း တောင်းမြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ ညနေ ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် အသံချဲ့စက်ဖြင့်လိုက်လံ အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆေးထိုးနှံမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့် နေရာလေးနေရာတိုး၍ လုပ်ဆောင်လျက်ရှိ…
Aug 09,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဒုတိယအကြိမ် ဆေးထိုးနှံခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အသက် ၆၅ နှစ် အထက် သက်ကြီးအဘိုးအဘွားများ ညောင်ဦးမြို့ အနော်ရထာခန်းမသို့ လာရောက်ရာတွင် ခရီးဝေးမှု၊ အဘိုးအဘွားများ ပင်ပန်းမှု သက်သာစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် သတ်မှတ်စု ရပ် (၇)နေရာအပြင်၊ နောက်ထပ်လေးနေရာ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ထိုးနှံပေးလျက်ရှိ ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25803
Page
25804
Page
25805
Page
25806
Current page
25807
Page
25808
Page
25809
Page
25810
Page
25811
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department