မိုင်းရယ်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်များထုတ်ချေး

မိုင်းရယ် သြဂုတ်   ၁၀

လားရှိုးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုင်းရယ်မြို့နယ်အတွင်းရှိ တောင်သူများ အတွက် ၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်များ ထုတ်ချေးခြင်းကို ယနေ့နံနက် (၉)နာရီက မိုင်းရယ်မြို နမ့်ရယ်ခန်းမတွင်ပြုလုပ်သည်။

အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ်များအား မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စု ဖြစ်သည့် ဟိုယ၊ လုတ်ခိုက်၊ မန်ကျောင်းပန်ရှင်၊ လွယ်ငင်း၊ ရပ်ကွက်(၃) တို့ရှိ တောင်သူ (၂၄၇)ဦး အတွက် စပါး တစ်ဧကလျှင် ကျပ်(၁၅၀၀၀၀)နှုန်းဖြင့် (၉၅၀)ဧက၊ ပြောင်း တစ်ဧကလျှင် ကျပ်(၁၀၀၀၀၀)နှုန်းဖြင့် (၂၄၄)ဧက စုစုပေါင်း (၁၁၉၄)ဧကအတွက် စိုက်ပျိုးစရိတ်ထုတ်ချေးငွေ ကျပ် ၁၆၆၉၀၀၀၀၀/အား တောင်သူများလက်ဝယ်အရောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (လားရှိုး)မှ တာဝန်ရှိသူများက ပေးအပ်ခဲ့ပါသည်။

မိုးစပါးစိုက်ပျိုးစရိတ်များအားထုတ်ချေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်း လမ်းများ နှင့် အညီ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်