ရန်ကင်း သြဂုတ် ၁၀
ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီက ရန်ကင်းမိုးကောင်းဘုရား စေတီဝင်းအတွင်းရှိ အရိယာဓမ္မာရုံ၌ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ဆရာတော်သံဃာတော်များအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
“ကျွန်တော်တို့ ရန်ကင်းမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကိုသြဂုတ်လ(၃)ရက်နေ့မှာစတင်ပြီး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအားထိုးနှံပေးခဲ့တာဖြစ်ပါတယ်၊ ယနေ့နံနက်မှာ ဆေးထိုးရန် ကျန်ရှိသည့်ဆရာ တော်သံဃာတော်များအားထိုးနှံပေးမှာဖြစ်ပြီး သံဃာတော်(၂၆၅)ပါးအား ထိုးနှံပေးသွားမှာပါ၊ ဆက်လက်ပြီးသတ်မှတ်အုပ်စုအလိုက် အစိုးရပုဂ္ဂလိကဝန်ထမ်းများ ၊ ပရဟိတ အဖွဲ့များ၊ အသက်၁၈နှစ်နင့်အထက်ပြည်သူများကိုလည်း ထိုးနှံပေးသွားမှာဖြစ်ပါတယ်၊ ပြည်သူတွေ အနေနဲ့ လည်း ရောဂါကာကွယ်နိုင်ဖို့အတွက်ကာကွယ်ဆေးကိုထိုးနှံစေချင်ပါတယ်ဟု မြို့နယ်ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်” က ပြောကြားခဲ့ကြောင်းသိရ သည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ကာကွယ် ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင် ချိန်တိုင်းတာခြင်း၊ သွေးတွင်းအောက်စီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်းနှင့် ရောဂါအခံရှိ မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက် ပြီးမှသာ ကာကွယ် ဆေး ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုး နှံခြင်းကိုမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ရုံးဝန်ထမ်းများ၊ ဌာနဆိုင် ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ ပရဟိတ အဖွဲ့များပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လှလှထွေး