ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဇူလိုင်လ ၂၉ ရက်နေ့မှစတင်၍ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ပုသိမ် ဩဂုတ် ၁၀

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုများကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပုသိမ်မြို့တော်ခန်းမ၊ အ.ထ.က ၁၊ အ.ထ.က ၄၊ နည်းပညာတက္ကသိုလ်စုရပ်နေရာများတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ပိုင်းက ကာကွယ်ဆေးထိုးနှံပေးနေမှုများကို တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်နှင့် စေတနာ့ဝန်ထမ်းများက ဆေးထိုးရန် လာရောက်ကြသည့်  မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအသီးသီးမှ ပြည်သူများကို စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိ ကြသည်။

ပုသိမ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့မှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့တော်ခန်းမနှင့် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းနှင့် ကာကွယ်ဆေးထိုးစုရပ်နေရာများသို့ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ စည်းကမ်းတကျ ဆေးထိုးနှံ ဆောင်ရွက်ပေးနေမှုများကို သွားရောက်စစ်ဆေးခြင်းများ ပြုလုပ်ပြီး ကျန်းမာရေးအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများကို ထောက်ပံငွေများ ပေးအပ်ခြင်းခဲ့ကြကြောင်း သိရသည်။

 

မြင့်ဟန်