ဒလမြို့နယ်၌ သြဂုတ်လ ၁ ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၁၉၄၆ ဦးရှိ

ရန်ကုန် သြဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ်ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌        စုရပ်အခြေပြု၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ  သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၁၉၄၆ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။ 

ဒလမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)အလုံးရေ ၈၀၀ ရရှိမှုတွင် မြို့ပေါ်ရှိ ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာစုစုပေါင်း ၅၄ ရွာမှ   အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်များ၊ စူပါမားကတ်များနှင့် ဈေးများမှ ဝန်ထမ်းများ နှင့် ဒေသခံပြည်သူများကို   သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ သြဂုတ်လ ၉ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခဲ့ရာ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၁၉၄၆ ဦးရှိကြောင်းသိရသည်။

ယနေ့တွင် ဒုတိယအကြိမ် ရရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)အလုံးရေ ၆၅၀ ထပ်မံရရှိခဲ့ရာ မြို့နယ်အတွင်းရှိ  ပြည်သူများကို သတ်မှတ်ထားသော ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း၊  ကာကွယ်ဆေးလာရောက်ထိုးနှံကြသော မိဘပြည်သူများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သည်။

နိုင်လင်းကျော်