Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟုမ္မလင်းမြို့၌ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်လျက်ရှိ
Aug 09,2021
မြို့နယ်လုံးဆိုင်ရာပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဉာဏိက သာသနာ့ ဇောတိက မြို့မကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ၏ သြဝါဒနှင့် ဟုမ္မလင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၏ လမ်းညွှန်ချက်တို့နှင့်အညီ မြို့နယ်အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရေး ကော်မတီက ဟုမ္မလင်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေးလုပ်ငန်းများကို ဇူလိုင် ၃၁ ရက်မှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်ခံ အဆောက်အဦများနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများသို့ သွားရ…
Aug 09,2021
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေ မြို့နယ်အတွင်းရှိ မုန်းတိုင်းဒဏ်ခံ အဆောက်အဦများနှင့် ကယ်ဆယ်ပစ္စည်းသိုလှောင်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ မြို့နယ်အဆင့် ကော်မတီများ၊ စပါးစိုက်တောင်သူများ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့်တ…
Aug 09,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ပွင့်ဖြူမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးကာ အုပ်စုအလိုက် ထိုးနှံပေးရမည့်သူများ ကျန်ရှိမှုမရှိစေရေးနှင့် သတ်မှတ်ရက်အတွင်း ထိုးနှံပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကာကွယ်ဆေးထိုးရန်လာရောက်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့ ပြည်သူ့ဆေးရုံတွင် ဘက်စုံအသုံးပြုရန် အလှူငွေလှူဒါန်း
Aug 09,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့တွင် အသုံးပြုရန်အတွက် အလှူငွေများကို ယနေ့ နံနက် ၁၀ နာရီခန့်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ပန္နက်ရိုက်ခြင်း ဆောင်ရွက်
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံအား တစ်ဦးချင်း အလှူရှင်များ၊ ကျေးရွာအုပ်စုများအလိုက် အလှူရှင်များ၏ စုပေါင်းငွေဖြင့် တည်ဆောက် သွားမည်ဖြစ်ရာ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ပန္နက်ရိုက်ခြင်း စတင်ဆောင်ရွက် ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး Stay at Home စည်းကမ်း ချက်များ လိုက်နာခြင်း ရှိ/ မရှိ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်…
Aug 09,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ် ပေါ်စေရေးနေ (Stay at Home) အစီအစဉ် ချမှတ်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ၏ လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာခြင်းရှိ/မရှိ ယနေ့နံနက်(၈)နာရီက စတင်၍ စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူစက်မှုအား အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ် ထိန်းချုပ်ခြင်း လုပ်ငန်းများအတွက် လိုက်နာရမည့် စည်းကမ်းချက်များ အ…
Aug 09,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ Stay At Home အစီအစဉ်တွင်ပါဝင်သော မိုးကောင်းမြို့ နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအား အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ် ထိန်းသိမ်းခြင်း လုပ်ငန်းများ အတွက် လိုက်နာရမည့် စည်းကမ်းချက်များကို ယနေ့ နံနက် ၇ နာရီမှစတင်၍ ပျံကျဈေးများ၊ မီးပွိုင့်လမ်းဆုံ၊ လမ်းဆုံလမ်းထောင့်များ၌ အသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၂ ဦး ဆက်လက်ဝင်ရောက်
Aug 09,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ၂၀၂ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25796
Page
25797
Page
25798
Page
25799
Current page
25800
Page
25801
Page
25802
Page
25803
Page
25804
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department