Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နောင်ချိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ အခက်အခဲမရှိစေရန် ဆောင်ရွက်
Aug 09,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်စပ် လျဉ်း၍ အခက်အခဲမရှိစေရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်
Aug 09,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့ ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူသိရှိလိုက်နာရမည့်ညွှန်ကြားချက်များအား အသံချဲ့စက်ဖြင့်လှည့်လည်ကြေညာ
Aug 09,2021
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိ လိုက်နာရမည့် ညွှန်ကြားချက်များအား အသံချဲ့စက်ဖြင့်လှည့်လည် ကြေညာခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ ယမန်နေ့ ည ၇ နာရီက လှည့်လည်၍ ပြည်သူများထံ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းနှင့် PPE ဝတ်စုံများထောက်ပံ့ပေးအပ်
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၆၅) နှစ် အထက်ရှိသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ဩဂုတ်လ (၇) ရက်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိရာ (၁၁၅၄)ဦး ကို ကာကွယ်ဆေး ထိုးနှံခဲ့ပြီး ယနေ့ တတိယနေ့အဖြစ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့၌ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) ထိုးနှံ
Aug 09,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ လမ်းမဘုန်းတော်ကြီး ကျောင်းဝင်းရှိ တိုက်ပွဲရှောင်ပြည်သူ (၂၉၉)ဦးအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက်အသိပညာပေးနှိုးဆော်
Aug 09,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းမှ Quarantine Centre များအတွက် O2အိုး(၅၀)လုံး လှူဒါန်း
Aug 09,2021
မူဆယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ လူနာသစ်များ နေ့စဉ်တိုးလာသဖြင့် အောက်စီဂျင်ဘူးများ ပြတ်လပ်မှု မရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းရုံးတွင် 40L Oxygenဗူး(၅၀)လုံးနှင့် အခြားကုသရေး ဆက်စပ်ပစ္စည်းများကို လှူဒါန်ပေး လျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်မြို့တွင် အောက်စီဂျင်ထုတ်လုပ်သည့်စက်ထားရှိနိုင်ရန်အတွက် အဆောက်အဦအား ကြည့်ရှု
Aug 09,2021
စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားပြီး အသက်ရှုဝေဒနာ ခံစားနေရ သူများအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်စက် ထားရှိရန် အဆောက်အဦ အားကြည့်ရှုမှုကို ယနေ့ နံနက် (၈)နာရီက မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းတွင် အလှုရှင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ကြည့်ရှုခဲ့ကြောင်း သိရှိခဲ့ရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25802
Page
25803
Page
25804
Page
25805
Current page
25806
Page
25807
Page
25808
Page
25809
Page
25810
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department