ဝမ်းတွင်းမြို့နယ်၌ ကျေးရွာနှစ်ရွာအကျိုးပြုသည့် ညောင်ပင်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ခင်းခြင်းလုပ်ငန်း ပြီးစီး

မိတ္ထီလာ ၊ သြဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ)ခွင့်ပြုရန်ပုံငွေ ကျပ် (၁၈၄.၆၅)သန်းဖြင့် ကျေးရွာနှစ်ရွာကို အကျိုးပြုသည့် ညောင်ပင်ကုန်းကျေး လက် ကုန်ထုတ်လမ်းခင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာ အထောက်အကူပြု ကုန်ထုတ်လမ်းသွယ်များ ဖွံ့ဖြိုးတိုးတက်ရေးကုန်ထုတ်လမ်းများခင်းခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၈၄.၆၅ သန်းဖြင့် အရှည် ၃ မိုင်၊ အကျယ် ၁၂ ပေ ရှိ မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းနှင့် Slab Culvert (၆)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို တင်ဒါ အောင်မြင်သည့် Unique Design Co;ltdက တာဝန်ယူ၍ ဇန်နဝါရီလ ၁၇ ရက်နေ့က စတင်ပြီး ညောင်ပင်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ  ယခုဆိုလျှင် ၎င်းကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး၍ ညောင်ပင်ကုန်းကျေးရွာနှင့် ရုံးပင်ကုန်းကျေးရွာများရှိ လယ်ယာလုပ်ငန်းများမှ ထွက်ရှိလာသော ဒေသထွက်ကုန်များ ရာသီမရွေး သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)