Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွာငံမြို့နယ်တွင် Oxygen Plant တည်ဆောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Aug 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် Oxygen Plant တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လေရှီးမြို့တွင် ကျန်းမာရေးစစ်ဆေးရေး ဂိတ်များသွားရောက် စစ်ဆေးပြီး စားသောက်ကုန်နှင့် ရောဂါကာကွယ်ရေး ဆက်စပ်ပစ္စည်းများ ထောက်ပံ့
Aug 09,2021
နာဂဒေသ၊ လေရှီးမြို့တွင် ဖွင့်လှစ်ထားသော ကျန်းမာရေး စစ်ဆေးရေး ဂိတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသ volunteer များနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်၌ လူအသွားအလာနှင့် ယာဉ်အသွားအလာများ စစ်ဆေးနေမှု အခြေအနေ များကို သွားရောက်စစ်ဆေးခဲ့ပြီး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ခေါက်ဆွဲ၊ ကြက်ဥများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆက်စပ်ပစ္စည်းများ ဖြစ်သည့် Mask၊ လက်သန့်ဆေးရည်၊ လက်အိတ်များကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒုံဟီးမြို့တွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားရေး မြို့ဝင်၊မြို့ထွက်ဂိတ်တွင် စောင့်ကြပ်စစ်ဆေး
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်ယွန်းမြို့နယ်၊ဒုံဟီးမြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါမကူးစက်နိုင်ရေးကြိုတင်ကာကွယ်သည့်အနေဖြင့် ဒုဟီး၊နန်ယွန်း အထွက်လမ်းနှင့် ဒုံဟီး၊ လဟယ်အဝင်လမ်းဂိတ်နှစ်နေရာတို့တွင် ကျန်းမာရေးနှင့် လူအဝင်အထွက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး ဇူလိုင်လ (၁၄) ရက်နေ့စတင်၍ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင်အနှေးယာဉ်လုပ်သားများနှင့်ဆင်းရဲနွမ်းပါးသူများအားဆန်များလိုက်လံလှူဒါန်း
Aug 09,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပရဟိတဆရာတော် ဉူးသုဘောဂမှဉီးဆောင်၍ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှူဖြင့် အနှေးယာဉ်လုပ်သားကြီးများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွား နေ့စဉ်ကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန် အနှေးယာဉ်လုပ်သားတစ်ဦးလျှင် ဆန်(၂)ပြည်နှုန်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း
Aug 09,2021
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့နံနက် ၈ နာရီ အချိန်မှ စတင်၍ နေ့လယ် ၁၂ နာရီအချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ချောင်းသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ကျန်ရှိနေသေးသည့် နိုင်ငံဝန်ထမ်းများ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများ၊ ရွှေသာယာ မြို့မစျေးရှိ စျေးသည်များနှင့် Hotel & Motel၊ တည်းခိုခန်းများရှိ အလုပ်သမားများအား လူမျိုးဘာသာမရွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလဲမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့်ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ လှည့်လ…
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် COVID- 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ သြဂုတ် ၉ ရက်၊ နံနက် ၈နာရီက ပုလဲမြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်၌ကိုဗစ်-၁၉ရောဂါပျံ့နှံ့မှုမရှိစေရေး Mask Campaignဆောင်ရွက်
Aug 09,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်MaskCampaignလှုပ်ရှားမှုများကိုစဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာယနေ့နံနက်၈နာရီကမြို့မစည်ပင်သာယာစျေး၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 09,2021
ရှမ်းပြည်နယ် (တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် ပြည်သူများအား ဦးစားပေးအဖြစ်နှင့် မြို့နယ်အတွင်း ဦးစားပေးအဆင့် ၁၂ ခုတွင်ပါဝင်သော ပုဂ္ဂိုလ်များအားလုံးကို ယနေ့နံနက်ပိုင်း၉နာရီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စျေးတန်း ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ခန်းမနှင့် ဟိုနမ့်တိုက်နယ် ဆေးရုံတို့၌ ကာကွယ် ဆေးထိုးစုရပ် နှစ်ခုတွင် ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25797
Page
25798
Page
25799
Page
25800
Current page
25801
Page
25802
Page
25803
Page
25804
Page
25805
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department