ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinophram)အား ဦးစားပေးအုပ်စုအလိုက် လူဦးရေ (၃၀၀၀)ဦး ထိုးနှံပေးပြီးဖြစ်

ဆားလင်းကြီး ဩဂုတ် ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophran) ထိုးနှံပေးခြင်းကို ဩဂုတ်လ(၃)ရက်နေ့မှ စတင်ထိုးနှံပေးခြင်းကို ဩဂုတ်လ ၉ရက်နေ့အထိ လူဦးရေ (၃၀၀၀)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆားလင်းကြီးမြို့နယ်တွင် ဆေးထိုးသတ်မှတ်စုရပ် နေရာ များဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသာခန်းမ၊ OSS ခန်းမ၊ ဆားလင်းကြီး (အထက)ရှိ ပန်မြတ်သဇင်ခန်းမ၊ ကျားတက်(အထက၀)၊ ဖလန်ကန်(အမက)၊ သနပ်မျှောင်(RHC) တို့တွင် ဩဂုတ်လ(၃)ရက်နေ့မှ (၄)ရက်နေ့အထိ ပထမအသုတ်နှင့် ဩဂုတ်လ(၇)ရက်နေ့မှ (၉) ရက်နေ့အထိ ဒုတိယအသုတ်အဖြစ်(၂)ခုပေါင်းတွင် ဦးစားပေးအုပ်စုများအလိုက် အသက် (၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား(၂၀၃၇)ဦး၊ ရဟန်သံဃာတော်များနှင့် သီလရှင်(၁၉၈)ဦး၊  ဌာနဆိုင်ရာ ဝန်ထမ်း(၉၇)ဦး)၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်း(၃၂၂)ဦး၊  Volunteer(၂၉၅)ဦး၊ အကျဉ်းသား/  အချုပ်သား(၁၀)ဦး၊ Super Marketနှင့်စျေးများမှ အများပြည်သူ(၄၁)ဦး စုစုပေါင်း(၃၀၀၀) ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Sinophram) ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ လက်န့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကာကွယ် ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် ဆားလင်းကြီးမြို့နယ်အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophran) ဆေးအလုံးရေ (၁၅၀၀)လုံး ရရှိသဖြင့် ဆေးတစ်လုံးလျှင် လူ(၂)ဦးနှုန်းထိုးနိုင်ပြီး လူဦးရေ (၃၀၀၀)ဦးအား ထိုးနှံပေးပေးခဲ့ပြီးဖြစ်ရာ ပထမအကြိမ် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinophran)ထိုးနှံပြီးသူများအား (၂၈)ရက်အကြာတွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinophran)အား ဒုတိယအကြိမ် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီထံမှ သိရှိရသည်။

 

ဥမ္မာ