အမြို့မြို့အနယ်နယ်သတင်းများ

Aug 11,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ဘုရားကြီးရပ်ကွက်၊ အိမ်တော်ရာ ဘုရားဝင်းအတွင်း၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Aug 11,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို မိုးကောင်းခန်းမ၊ နမ္မတီးအထကကျောင်း၊ ပင်းဘော ကျေးရွာ ဘက်စုံသုံး ခန်းမတို့၌ ဩဂုတ်(၃)ရက်နေ့မှစတင် ထိုးခဲ့ရာ ယနေ့ထိ ဆေးထိုးပြီးသူဦးရေ (၃၀၉၀)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
Aug 11,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အကူအညီရစေရန် ရည်ရွယ်၍ အလှူငွေများ လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ (၂) နာရီက  နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ကျင်းပရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် အများပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ စစ်ဆေးမှု ခံယူနိုင်ကြောင်း သိရသည်။
Aug 11,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ၊ ရဟန်းသံဃာများ၊ သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဈေးသည်များ၊ Volunteerများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ တည်းခိုခန်းဝန်ထမ်းများ၊ ပို့ဆောင်ရေးဂိတ် ဝန်ထမ်းများအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေးခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမစုရပ်၌ ယ​မန်နေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက် သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၀/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
Aug 11,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် အရေးပေါ်လူနာများအတွက် အောက်စီဂျင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ငွေကျပ်(၁၇)သိန်းတန်ဖိုးရှိ OXYGEN CONCENTRATOR စက်(၁)လုံးကို အလှူရှင်များ စုပေါင်းကာ အဆိုပါဆေးရုံကြီးသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Aug 11,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၆/၂၀၂၁)ကို Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။