Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ စဉ်ဆက်မပြတ် အသံချဲ…
Aug 11,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ယမန်နေ့ ညနေ ၅ နာရီအချိန် မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြဝတီမြို့ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ် ကုန်သွယ်ရေး ဆိုင်ရာများ ကြည့်ရှုစစ်ဆေး
Aug 11,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၈ နာရီခွဲက မြဝတီမြို့သို့ ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်နှင့်အခြား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Aug 11,2021
ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနှင့် ဌာနဆိုင်ရာများက စုပေါင်း၍ ယမန်နေ့ နေ့လည်ပိုင်းတွင် မင်းဓမ္မရိပ်သာကျောင်း၊ အေးရိပ်သာမင်းတောင် တောင်ပေါ်ကျောင်း၊ မင်းတောင်တောရကျောင်းနှင့် မင်းတောင်မြကန်သာကျောင်းစသည့် ဘုန်းတော်ကြီး ကျောင်းများသို့ ဆန်နှင့်အခြား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် အသိပေး နှိုးဆော်ချက်များအား အသံချဲ့စက်များဖြင့် ရပ်ကွက်များ၊ စျေးများအတွင်း…
Aug 11,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် ယမန်နေ့နံနက် ၇ နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ စျေးများအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေး နှိုးဆော်ချက် များအား အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွားများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 11,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက် လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အ-ထ-က(သုဝဏ္ဏ)ကျောင်း၌ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွားများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ oxygen plant ရန်ပုံငွေမှ ဒုတိယအကြိမ် Oxygen Concerntractor များ လှူဒါန်းခြင်းနှင့် ဆန္ဒမွန်မိသားစုမှလည်း Oxygen pl…
Aug 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် Oxygen Plant ရန်ပုံငွေမှ ပြည်သူ့ ဆေးရုံကြီးသို့ ဒုတိအကြိမ် Oxygen Concerntractor နှင့် စက်စပ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် Oxygen Plant အတွက် လိုအပ်နေသော ထရမ်စဖော်နှင့် ဆက်စပ် ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဆေးရုံ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေသခံပြည်သူများနှင့် နီးစပ်ရာမြို့နယ်များရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးပေးမှု ဒဂုံမြို့သစ်( တောင်ပိုင်း ) မြို့နယ်တွင် ဆ…
Aug 11,2021
ဒေသခံမိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ အောင်မြင့်မိုရ် အိမ်ရာဓမ္မာရုံ ပြည်သူ လူထုအခြေပြု ကိုစ်-၁၉ရောဂါ ရှာဖွေရေးဌာန(TEST CENTER)တွင် အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် မြိုနယ်ဆရာဝန်ကြီး ဒေါက်တာတင်တင်ဆွေ ဦးစီးအဖွဲ့မှ စစ်ဆေး ဆောင်ရွက် ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အသုံးပြုရန် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများလှူဒါန်း
Aug 11,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကိုဗစ် -၁၉ ရောဂါ လမ်းညွှန်ချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25792
Page
25793
Page
25794
Page
25795
Current page
25796
Page
25797
Page
25798
Page
25799
Page
25800
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department