ဝက်လက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် လူဦးရေ ၄၀၀၀ ဦး ထိုးနှံ ပြီး

ဝက်လက်  သြဂုတ်  ၁၀

 

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ် သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် အဖြစ် လူဦးရေ ၄၀၀၀ ဦးကို ထိုးနှံပြီး ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးများကို ရဟန်းသံဃာများ၊ ကာကွယ်ဆေးမထိုးရသေးသည့် ဝန်ထမ်းများ၊ ၆၅ နှစ် အထက် သက်ကြီးဘိုးဘွားများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကဆေးခန်းများမှ ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေသူများ၊ စျေးရောင်းချသူများ ကို ထိုနှံပေးကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းလုပ်ငန်းကို ဝက်လက်မြို့နယ်အတွင်း စုရပ်သုံးခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ၊ သြဂုတ်လ ၃ ရက်နေ့ နှင့် ၄ ရက်နေ့ များတွင် လူဦးရေ ၂၀၀၀ ဦး ကို လည်ကောင်း၊ သြဂုတ်လ ၇ ရက် ၊ ၈ ရက် ၊ ၉ ရက် နေ့မျာတွင် လူဦးရေ ၂၀၀၀ ဦး ၊ စုစုပေါင်း လူဦးရေ ၄၀၀၀ ဦးကို ပထမအကြိမ်အဖြစ် ထိုးနှံပြီးကြောင်းကို မြို့နယ်အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

   စိုးစိုးလှိုင် (ဝက်လက်)