အမြို့မြို့အနယ်နယ်သတင်းများ

Aug 11,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် ပြည်နယ်မီးသတ် ဦးစီးဌာနနှင့် ခရိုင်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့နယ်အတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
Aug 11,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ လူနာများနှင့် အခြားနာမကျန်း လူနာများ၏ အောက်ဆီဂျင် လိုအပ်ချက် မဖြစ်ပေါ်စေရေးအတွက် မင်းဘူးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ဦးဆောင်ကြီးကြပ်၍ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၊ မြို့မိ မြို့ဖများနှင့် ပူးပေါင်း၍ အောက်ဆီဂျင် စက်ရုံစတင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
Aug 11,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက်အတွင်း ယမန်နေ့ ည ၇ နာရီခွဲအချိန်မှစ၍ ဧည့်စာရင်းများကို လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
Aug 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်မြို့နယ်မီးသတ်ဦးစီးဌာန၊ဒုတိယဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများကို ဩဂုတ်လ ၁၀ရက်နေ့ ညနေ (၅)နာရီကရေဖြူမြို့ပေါ် ရပ်ကွက်များနှင့်‌ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Aug 11,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ပေါက်ကုန်းကျေးရွာမှ တောင်သူများသည် ဆီထွက် သီးနှံများ စိုက်ပျိုးရာတွင် နေကြာ၊ နှမ်းနှင့် မြေပဲများကို အချိန်အခါအလိုက် စိုက်ပျိုးကြပြီး ယခုနှစ် တွင် အထွက်နှုန်းကောင်းသော ပင်ထောင်မြေပဲကို  စိုက်ပျိုးမှုများကြောင်း ပေါက်ကုန်းကျေးရွာ ပင်ထောင်မြေပဲစိုက် တောင်သူများထံမှ သိရသည်။
Aug 11,2021
          ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၉ ရက် နံနက် ၇ နာရီခွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က မြို့တွင်းသို့ လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို  ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။
Aug 11,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်  ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ မနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။