စလင်း၊ ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မနိုင်ငံထုတ် Sinopharm ဆေးအမျိုးစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စလင်းမြို့နယ် အတွင်းရှိ ပြည်သူများနှင့် အသက်၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ဆက်လက် ထိုးနှံပေးခြင်းလုပ်ငန်းကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျေးရွာများ အတွက် စုရပ်အသီးသီးသတ်မှတ်ထိုးနှံပေးလျက်ရှိသည်။
စလင်းမြို့နယ်အတွင်း ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးရာ ဆင်ကျုံးကျေးရွာနှင့် ကြူဝန်ကျေးရွာအုပ်စုများရှိ ရဟန်းရှင်လူပြည်သူများနှင့် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ရောဂါဖြစ်ပွားမှုနှင့် ကူးစက်ရောဂါကြောင့်သေဆုံးမှုများ လျော့ချနိုင် ရန်နှင့် ကူးစက်ပြန့်ပွားမှုတားဆီးနိုင်ရန်အတွက် ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိရာ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံကြသည့် ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းများဆောင်ရွက် ပေးပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ရာ စလင်းမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအလုံးပေါင်း ၃၀၅၀ ရရှိရာ ဩဂုတ်လ ၁ ရက်နေ့မှ ယနေ့အထိ ဆေးထိုးနှံပြီး သူပေါင်း ၅၈၈၄ ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
မောင်လွင်(စလင်း)