တောင်ကုတ် ဩဂုတ် ၁၀
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်−၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ် နှင့်အထက်ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ် ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန်မှ မွန်းလွဲ ၁၂ နာရီအချိန်ထိ ၎င်းနေ့လယ် ၁နာရီ အချိန်မှ ညနေ ၄ နာရီအချိန်ထိ ကင်းတောင်စံပြကျေးရွာအုပ်စု ဘုန်းတော်ကြီး ကျောင်း၌ လူမျိုးဘာသာမရွေး စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ထိုးနှံရာတွင် တောင်ကုတ်မြိုပေါ်ရပ်ကွက်များ နှင့်ဌာနဆိုင်ရာများအားဩဂုတ် (၁)ရက်နေ့မှ (၅)ရက်နေ့ထိ ၎င်းဩဂုတ်(၆)ရက်နေမှ (၉)ရက်နေ့ထိ ကျေးရွာ အုပ်စု(၆)စုရှိ သတ်မှတ်နေရာများ၌ အစုအဖွဲ့များအလိုက်(၃၆၀၁)ဦးအား တရုတ်ပြည်သူသမ္မတနိုင်ငံမှထုတ်လုပ်သော Sino pharm အမျိုးစား ကာကွယ် ဆေးတစ်လုံးလျှင် လူ(၂)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိကြောင်းနှင့် တောင်ကုတ် မြို့နယ်အတွင်း ဆေး(၂၇၆၄)လုံးရရှိ၍ (၅၅၂၈)ဦး ထိုးနှံပေး သွားမည်ဖြစ်ရာ အသက် (၆၅)နှစ်နှင့် အထက် ဘိုးဘွားရိပ်သာပါဘိုးဘွား(၁၇၉၅)ဦး၊ အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း(၃၅)ဦး ၊ Volunteer/ပရဟိတ(၆၃၄)ဦး၊ နိုင်ငံဝန်ထမ်း(၅၅၈)ဦး မိသားစု (၃၁၉)ဦး ပုဂ္ဂလိက ဘဏ်ဝန်ထမ်း (၁၈)ဦး ၊ အကျဉ်း/အချုပ်သား(၃၀)ဦး၊ စူပါမားကတ်/စျေး(၁၂၀)ဦး စုစုပေါင်း(၃၆၀၁)ဦး အား ထိုးနှံထား ပြီးဖြစ်ကြောင်းနှင့် ဩဂုတ်(၁၀၊ ၁၁)ရက်နေ့တွင် ကင်းတောင်အုပ်စု၌ ၎င်း ဩ ဂုတ်(၁၂၊ ၁၃)ရက်နေ့များတွင် တန်းလွဲရွာမမြို့၌လညးကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွေး၊ မြိုနယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှထွန်းဇော်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့များက ကူညီဆောင်ရွက်ခဲ့ကြကြောင်းသတင်း ရရှိသည်။
မြို့နယ်ပြန်/ဆက်