ဝက်လက်မြို့၌ အခြေခံလူတန်းစား အိမ်ထောင်စု ၆၅၅စု ထံသို့ စာသောက်ကုန်များ လက်ဝယ်အရောက် ဖြန့်ဝေပေး

 

ဝက်လက် သြဂုတ် ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၆၅၅ စု ထံသို့ အခြေခံစားသောက်ကုန် သုံးမျိုးကို ဝက်လက်မြို့ အမှတ် ၂ ရပ်ကွက်တွင် နေထိုင်ကြသော   ဦးသူရိန်လင်း+ဒေါ်မာမာသင်းမိသားစုမှ သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်း မှ စတင်၍  ယမင်းသူစတိုး ရှေ့တွင် အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ် - ၁၉ ကာလအတွင်း လိုအပ်နေသူများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်အတွင်း စားဝတ်နေရေးခက်ခဲသော အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းများကို ကြိုတင်ကောက်ယူ ပြုစု ခဲ့ရာ အိမ်ထောင်စု ၆၅၅ ရရှိခဲ့ပြီး ၊အဆိုပါ အိမ်ထောင်စုများထံသို့ စားသောက်ကုန်များ လက်ဝယ် အရောက် ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်သော အခြေခံစားသောကုန်များမှာ   အိမ်ထောင်စုတစ်စုလျှင်၊ ဆန် နှစ်ပြည်၊ ကြက်ဥ ဆယ်လုံး၊ ပဲတစ်ပြည်ကို  လက်ဝယ်အရောက် ဖြန့်ဝေရာတွင် ကိုဗစ် - ၁၉ ကာလအတွင်း ရောဂါ ကူးစက်မှုမရှိစေရေး ၊ လူစုလူဝေးမဖြစ်စေရေးအတွက် တစ်ဦးနှင့် တစ်ဦး သုံးပေကွာ တန်းစီ၍ နှာခေါင်းစည်း Mask များ တပ်ဆင်စေပြီးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

  စိုးစိုးလှိုင် (ဝက်လက်)