အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံခြင်းကို ဆေးထိုးစုရပ်(၇)နေရာခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ရာ ယနေ့တွင် ကျွန်းရွှေဝါရပ်ကွက်ရှိ အမှတ်(၈၇) အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် အင်ကြင်းမြိုင် ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ မူလတန်းလွန် ကျောင်းတို့၌ မြို့ပေါ်ရပ်ကွက် (၂)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၁၃)ရွာတို့မှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို များကို ဦးစားပေးအဆင့် သတ်မှတ်၍ ဘာသာရေးကျောင်းများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူတို့အား ပထမအကြိမ်ထိုးနှံခဲ့သည့် စာရင်းများအတိုင်း ထိုးနှံလျက်ရှိကြောင်း သိရသည်။
Sep 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးသည့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဧပြီ၊ မေ၊ ဇွန်လအတွက် လူမှုရေးပင်စင်များကို ယမန်ရက်နေ့ နေ့လည် ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ ပတ္တမြားခန်းမဆောင်၌ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် အသက်ကြီးဘိုးဘွားများထံ လွှဲပြောင်းပေးအပ် ခဲ့သည်။
Sep 17,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူများပူးပေါင်းစေရန် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခေါင်းကွဲကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်ကြကြောင်းသိရသည် ။
Sep 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးများကို ရပ်ကွက်/ ကျေးရွာများ၌ ထိုးနှံပေး လျက်ရှိပြီး ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုခံရသော်လည်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ သူများ၏ ရင်တွင်းစကားသံကို ယခုလို ဖော်ပြပေးလိုက်ရပါသည်။
Sep 17,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်၁၉ရောဂါ ကာလအတွင်း အသိပညာပေးလုပ်ငန်းများကို Onlineမှတစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်စေရန် ရည်ရွယ်၍ကျောင်းသားကျောင်းသူနှငF1့ ပြည်သူများ စာပေဗဟုသုတ ပိုမိုတိုးတက်မြင့်မားလာစေရန် onlineအသိပညာပေးအစီစဉ်များကို ပြည်သူ့စာကြည့်တိုက်မှ ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်းသိရသည်။
Sep 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့မြို့ပေါ်ရပ်ကွက်ရှိ အသက် ၅၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ ပြည်သူများ၊ မသန်စွမ်းသူများ၊ ရောဂါအခံရှိပြီး ကိုဗစ် ရောဂါ ကာကွယ် ဆေးထိုးနှံသင့်သူများအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ယနေ့ နံနက် ၉ နာရီက ပလောက်မြို့၊အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ရွှေသီလာရတနာ ခန်းမ၌ စတင် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။