အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2021
ငပလီမြို့တွင် အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိသူနှင့် ဦးစာပေးအဆင့်အလိုက် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ငပလီမြို့ အမက(မူလွန်)ကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Sep 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မုံးထမြို့၊ ကျူကော်ကျေးရွာ၌ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံဖြိုးတိုးတက်စေ​​ရေးအတွက် သန့်ရှင်းသော သောက်သုံးရေရရှိမှု အဆင်ပြေစေရန် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံဖြိုးရေးစီမံကိန်း (VDP) ရန်ပုံ ငွေကျပ်သိန်း(၁၀၀)ဖြင့် အုတ်ရေကန်နှင့် ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရာနှုန်းပြည့် ပြီးစီးပြီကြောင်း မုံးထမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေးထံမှသိရသည်။
Sep 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများစုပေါင်း၍ ယနေ့ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ကြသည်။
Sep 17,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် သံဃာတော်များ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်တို့ကို ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စမ်းသပ်စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ယနေ့နံနက် က မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ စမ်းသပ်စစ်ပေးကြောင်း သိရသည်။
Sep 17,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် မြို့ပေါ်ရပ်ကွက် များကို စက်တင်ဘာ ၁၈ ရက်မှ ၂၈ ရက်အထိ အသွားအလာကန့်သတ်မှုကို ပြုလုပ်သွား မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Sep 17,2021
မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး အန္တရာယ်ကင်း အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရင်ပြင်တော် ပဌာန်းဓမ္မာရုံ၌ကျင်းပခဲ့ရာ ဆရာတော် အရှင်သူမြတ်တို့ထံမှ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များက ငါးပါးသီလခံယူကြပြီး ပဌာန်းကျမ်းမြတ်၊ ပရိတ်ရေအိုးနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်း၍ ရေစက်သွန်းလောင်း အမျှပေးဝေသည်၊၊
Sep 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ၊ နိုင်ငံ့၀န်ထမ်းများ၊ စက်ရုံ ၊အလုပ်ရုံများမှ ၀န်ထမ်းများ၊ ပရဟိတ အသင်း၀င်များ၊ လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ (၄၇၄၆) ဦး ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
Sep 17,2021
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၉/၂၀၂၁)ကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။