အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2021
နိုင်ငံတစ်ဝှမ်းရှိ၊ အသက်(၈၅) နှစ်နှင့်အထက်ဘိုးဘွားများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် ( ဧပြီ၊ မေ၊ ဇွန်) လများအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ လူမူရေးပင်စင်ငွေများ စတင်ပေးအပ်နေပြီဖြစ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့နယ် အတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးရွယ်အို များအတွက် လူမူရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားအား ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယဆန့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
Sep 17,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် အတွင်း ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိမှု့ စက်တင် ဘာလတွင် တစ်ရက်လျှင် (၁၀)ဦးခန့်သာ တွေ့ရှိသည်အထိ လျော့ကျလာကြောင်း ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။
Sep 17,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့နံနက်ပိုင်းတွင် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 17,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအသုတ် ပထမနေ့အဖြစ် ဆေးထိုးရန် ကျန်ရှိနေသူများအား ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီ က သရက်မြို့ ရွှေသက်လွတ် ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Sep 17,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံစားရပြီးနောက် စနစ်တကျ ဆေးဝါး ကုသမှုခံယူပြီး၊ ပြန်လည်ကျန်းမာလာသူများ၏ ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံများကို ယနေ့တွင် ယခုလိုတွေ့ဆုံ မေးမြန်း သိရှိခဲ့ရပါသည်။
Sep 17,2021
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ် တစ်စိုက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ဆေးထိုးနှံထားခြင်းမရှိပြည်သူများအား ဒုတိယ အသုတ်ပထမအကြိမ် ဒုတိယနေ့အဖြစ် ယနေ့ နံနက် ၉ နာရီအချိန်က ဆက်လက်ထိုးနှံပေးခဲ့သည်။
Sep 17,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ယနေ့နံနက် ၉ နာရီက အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းတွင် စားသောက်ကုန်များ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
Sep 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၅) နေရာခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရာ ယမန်နေ့အထိ ပြည်သူစုစုပေါင်း ၅၇၇၉ ဦး အားထိုးနှံပေးခဲ့ပြီးဖြစ် ကြောင်းသိရသည်။