အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ ကာကွယ်ဆေး ဆက်လက်ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၅၅နှစ်နှင့်အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည် ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမ၌ ပထမနေ့အဖြစ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 17,2021
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ပလောက်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးဝေ၏လမ်းညွှန်မှုအရ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့်ရာအိမ်မှူးများပူးပေါင်း၍ ယမန်နေ့ ညနေ (၃) နာရီအချိန်မှစပြီး ပလောက် မြို့ အတွင်းမှီတင်းနေထိုင်ကြသော မိဘပြည်သူများထံ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနည်းလမ်းများနှင့် တတိယအသုတ်(ပထမ)အကြိမ် ကာကွယ်ဆေးကိုစက်တင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး ရွှေသီလာရတနာခန်းမတွင် လာရောက်ထိုးနှံ နိုင်ရေးကိုအသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
Sep 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ အသက်(၆၅) နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများ၊ သာသနာ့ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အပါအဝင် ဦးတည် အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယနေ့ ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်မှစတင်၍ မြို့နယ်အတွင်းရှိ ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 17,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဖြင့် ငှားရမ်းနေနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်နေသည့် (၈)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦမှာ ယခုအခါ ၄၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး သွားပြီဖြစ်ကြောင်း တင်ဒါစနစ်ဖြင့် တာဝန်ယူတည်ဆောက်နေသည့် မကွေးမြို့၊ ကျော်သာ ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမောင်အေးထံမှ သိရသည်။
Sep 17,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စာပေချစ်သူ၊ စာဖတ် ပရိတ်သတ်များအတွက် စာအုပ်၊ စာပေနှင့် ပတ်သတ် ၍ဗဟုသုတမျိုးစုံရရှိစေရေး ရည်ရွယ်ချက်ဖြင့် online မှ တဆင့် အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
Sep 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်‌ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ(၁)ဦး ထပ်မံတွေ့ ရှိခဲ့ကြောင်းသိရသည်။
Sep 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် သစ်တောဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ စက်တင်ဘာလအထိ ဆောင်ရွက်သည့် ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တော(၁၆၈၅)ဧက တည်ထောင်စိုက်ပျိုးပြီးစီးသည့် အတွက် ဒေသခံပြည်သူများသို့ အစုအဖွဲ့ပိုင် တည်ထောင်ခွင့်လက်မှတ် ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။