ပလောက်မြို့၌ အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်နှင့်ဦးစားပေးအဆင့်လိုက် ပြည်သူများ အား (ပထမအကြိမ်)ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

 

ပလောက်   စက်တင်ဘာလ    ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့မြို့ပေါ်ရပ်ကွက်ရှိ အသက် ၅၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ ပြည်သူများ၊ မသန်စွမ်းသူများ၊ ရောဂါအခံရှိပြီး ကိုဗစ် ရောဂါ ကာကွယ် ဆေးထိုးနှံသင့်သူများအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ယနေ့ နံနက် ၉ နာရီက ပလောက်မြို့၊အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ရွှေသီလာရတနာ ခန်းမ၌ စတင် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဌ ဦးမျိုးဝေနှင့် အဖွဲ့၀င်များကြီးကြပ်၍ မြို့ ပြည်သူ့ကျန်းမာ ရေးဌာန ၀န်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး၊ မီးသတ် တပ်ဖွဲ့၀င် များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်  (ပလောက်)