အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိ မြို့တွင် ကိုဗစ်-၁၉  ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက် ဆောင်ရွက်ခဲ့သည်။
Sep 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ ကျိုင်းတောင်းမြို့ လူစည်ကားရာနေရာများ၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုကိုင်ကြစို့” ပန်းခင်းစီမံချက် ဗီနိုင်းပိုစတာများကို ယမန်နေ့က ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။
Sep 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ၊ ပြည်သူ့အားကစားခန်းမတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်)ဆေးထိုးနှံမည့် အသက် ၅၅ နှစ်အထက် ပြည်သူများအား ကာကွယ်ဆေး ဒုတိယနေ့ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Sep 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ ည(၁၀)နာရီခန့်မှစ၍ မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး၊ မြေသားမိုးရေကန်များတွင် ရေဝင်အားကောင်းသဖြင့် ကျေးလက်နေပြည်သူများ အတွက် မိုးလွန်ကာလ ဖြစ်သည့် နွေရာသီအထိ သောက်သုံးရေအဆင်ပြေနိုင်ကြောင်းသိရသည်။
Sep 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အမှတ် ၆ရပ်ကွက်ရှိ ဆန်စက်လုပ် သားများအား ယနေ့ နံနက် ၉ နာရီမှစတင်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့်အဖွဲ့ဝင်များကွင်းဆင်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Sep 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် မိုးမိတ်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (MCCT) ငွေကြေးထောက်ပံ့ပေးခြင်းကို ယမန်နေ့  နံနက်ပိုင်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများက ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။       
Sep 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြိုတွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို မြို့နယ်စုပေါင်းရုံး(OSS)တွင် ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ကာကွယ်ဆေး (Sinopharm) များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။