အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2021
မိတ္ထီလာမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများတွင်နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါပိုးရှိသည်ဟု သံသယ ရှိသူများအား ယမန်နေ့က စစ်ဆေးခဲ့ရာ ကိုဗစ် ၁၉ ပိုးတွေ့လူနာသစ် ၇၃ ဦးစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
Sep 17,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အသုတ်ကို ဦးစား ပေးအစီ အစဉ်အလိုက် လူဦးရေ(၈၃၈၀)ဦးကို ယနေ့မှစတင်ကာ ဆေးထိုး အဖွဲ့(၅)ဖွဲ့ဖြင့် သတ်မှတ်နေရာများတွင် ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
Sep 17,2021
ကရင်ပြည်နယ် ဘားအံမြို့တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘားအံမြို့နယ်အတွင်းရှိ  ရပ်ကွက်နှင့်ကျေးရွာများတွင်  ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံရန်အတွက် စုရပ်(၁၃)နေရာတွင်  ယနေ့နံနက် ၉ နာရီမှစတင်၍ ညနေ ၄ နာရီထိ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိသည်။
Sep 17,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်က နတ်မောက်မြို့နယ်စုရပ် (၅)နေရာတွင် ရပ်ကွက်၊ ကျေးရွာများအတွင်း ကျန်ရှိနေသည့် ပြည်သူများအား ဒုတိယနေ့တွင်လည်း ဆေးထိုးနှံ ပေးလျက် ရှိသည်။
Sep 17,2021
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦး စီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံ ကိန်း(VDP) ကျေးရွာရွေးချယ်ခြင်းကိုယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီး ဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 17,2021
စစ်ကိုင်းမြို့တွင် အသက်(၆၅)နှစ်အထက် သံဃာတော်၊ သီလရှင်များနှင့် ဦးစားပေးအုပ်စုများတွင် ပါဝင်နေသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အုပ်စုသုံးနေရာခွဲ၍ ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုနှင့်အတူ ယနေ့ရက်၊ နံနက်ပိုင်းက သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
Sep 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် (၅၅)နှစ် မှ (၆၄)နှစ်ကြား အသက်အပိုင်းအခြားရှိသူများနှင့် မသန်စွမ်းများအား ယနေ့ နံနက်(၉)နာရီမှ စ၍ တာရပိုင်းကျေးရွာ၊ ပထော်ပထက်ကျေးရွာတို့နှင့် ကျွန်းစုမြို့ပေါ်ရှိ မြို့နယ်ခန်းမ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။