တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှုခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာ သူများ၏ ရင်တွင်းစကားသံ

 

ကျွန်းစု စက်တင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးများကို ရပ်ကွက်/ ကျေးရွာများ၌ ထိုးနှံပေး လျက်ရှိပြီး ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုခံရသော်လည်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ သူများ၏ ရင်တွင်းစကားသံကို ယခုလို ဖော်ပြပေးလိုက်ရပါသည်။

ဦးအောင်မြင့်(ကျွန်းစုမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ နေထိုင်သူ)။     ။ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးတစ်လုံးတော့ ထိုးပြီးပြီ ခင်ဗျာ၊ ထိုးပြီးတော့ ၄/၅ ရက် လောက် ကြာမှ ကျွန်တော် ပင်ပင်ပန်းပန်း အလုပ်လေးတစ်ခုပေါ့နော် သွားလုပ်မိ လိုက်တယ်၊ နောက် ဆိုင်ကယ် (Taxi) လေး နဲနဲပါးပါး မောင်းပါတယ်၊ မိုးကလည်း မိတော့ ငှက်ဖျား နဲနဲဖြစ်သွားတယ်။ ကျွန်တော်မှာ ငှက်ဖျားအခံရှိတယ်။ ဒါကဟိုငယ်ငယ်လေးကတည်းက ကြာခဲ့ပြီး၊ ဒီလိုနဲ့ ကျွန်တော် စိုးရိမ်သွားတယ်၊ ကိုဗစ်တွဲပြီးဝင်နိုင်စရာ အကြောင်းရှိတယ်။ သေသေချာချာဂရုစိုက် တယ်။ ဒါပေမဲ့ ကျွန်တော် ဂရုစိုက်တာနောက်ကျသွားပြီ၊ ကိုဗစ်က တစ်ခါတည်း ပူးတွဲဝင်သွားတယ်။ ဘယ်လိုကြောင့် သိလိုက်လဲဆိုရင် ကျွန်တော်အနံ့ ပျောက်သွားတာ သိလိုက်တယ်။ ချက်ချင်း ဆေးရုံသွားတယ်။ ဆေးရုံရောက်တော့ ကျွန်တော် အောက်ဆီ ဂျင်တော်တော်ကျနေပြီ (၇၀) လောက်ကျနေပြီ၊ ချက်ချင်း အောက်ဆီဂျင်သွင်းတယ်ခင်ဗျာ၊ နောက် ကျွန်တော် နည်းမျိုးစုံနှင့် စမ်းသပ်ပါတယ်။ လက်ထိပ်ဖောက်၊ ဆီးချို၊ သွေးချို တိုင်း တယ်၊ နှလုံးနှင့် အောက်ဆီဂျင် တိုင်းတယ်။ နောက်ဆုံး နှာခေါင်းထဲထည့်ပြီး ကိုဗစ် တိုင်းတယ်။ ကျွန်တော့မှာ ပိုးတွေ့ သွားတယ်။ အဲဒီတော့ ကျွန်တော့ကို မပြန်ခိုင်းဘဲ တစ်ခါတည်း ဆေးရုံ တက်ခိုင်းတယ်။ ကျွန်တော့ကလဲ နားထောင်ပါတယ်။ တစ်ခါတည်း တက်လိုက်တယ်။ ကျွန်တော်နေ ရတဲ့အခန်းမှာ ကျွန်တော်လိုဘဲ ဘဝတူတွေ(၆)ယောက် ရှိပါတယ်။ ကိုဗစ် ဖြစ်တဲ့အထဲမှာ ကျွန်တော် အသက်သာဆုံးပါပဲ့၊ ကျန်တဲ့သူတွေက အော်ဟစ်နေကြတယ်၊ အော်ဟစ်နေ တယ်ဆိုတာ အချိန်ပြည့်တော့ မဟုတ်ပါဘူး၊ တစ်နေ့မှာ (၃)ကြိမ်လောက်ပေါ့၊ ဒါပေမဲ့ ကျွန်တော်က သူတို့လောက် မခံစားရပါဘူး၊ ကျွန်တော်ထင်တယ် ဘာကြောင့် သူတို့လောက် မခံစားရလဲဆိုတာ ကျွန်တော်ကြိုတင်ကာကွယ်ဆေး ထိုးထားတဲ့ တန်ခိုးလို့ ကျွန်တော် ထင်ပါတယ်။ ဒါတောင် ကျွန်တော် တစ်လုံးတည်း ထိုးရသေးတာနော် (၂၈)ရက်ပြည့်မှ နောက် တစ်လုံးထိုးရမှာ၊ ဒါပေမဲ့ နောက်တစ်လုံးထိုးစရာ မလိုတော့ပါဘူး၊ ဒါဆို လုံလောက် ပါပြီတဲ့၊ ကျွန်တော် ဆေးရုံ(၂၆)ရက် တက်လိုက်ရတယ်။ အဲဒီမှာ အဓိက ကျွန်တော်ပြော ချင်တာကတော့ ဒီနေ့ခေတ်မှာ အောက်ဆီဂျင် အင်မတန်ရှားပါးနေတယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်။ ကျွန်တော်က တီဗီ ခဏခဏ ကြည့်တာကို ၊ ရန်ကုန်မှာဆို အောက်ဆီဂျင် ကို တန်းစီပြီး ထိုင်စောင့်နေရတယ်။ ကျွန်တော် တို့ ကျွန်းစုမြို့နယ် ဆေးရုံမှာ ကျွန်တော် အလုံး(၂၀)လောက် ရှုလာရတယ်။ Free ပေါ့၊ အောက်ဆီဂျင်တစ်ခါရှုရင် နာရီ(၂၀)ကြာတယ် ရက်ပေါင်း(၂၀)ကို  တန်းပြီးရှုပါတယ်။ ကျွန်တော် ဘယ်လောက်အလုံး ကျသွားမလဲ တွက်ကြည့် လိုက်ပေတော့၊ ရက်ပေါင်း(၂၀)လောက်ကြာမှ ကျွန်တော်အောက်ဆီဂျင်ဟာ(၉၀)တဲ့ အိုကေ တယ်။ ကျွန်တော် လည်း‌ ဆေးရုံမှာ အနေကြာလာတော့ သဘောသဘာဝလေး နည်းနည်း သိလာတယ်။ ဒီလို လက်ညှပ်ပီး တိုင်းတဲ့ဟာလေး အောက်ဆီဂျင်လည်း ပြတယ်၊ နှလုံး လည်းပြတယ်။ ကြည့်လိုက် တယ်ဆိုတာနဲ့ ကျွန်တော် (OK) မှန်း သိသွားပြီး။ အဲ့တော့မှ ငါမသေနိုင်တော့ဘူး။ နောက်ဆုံး ကျွန်တော်ပြောချင်တာကတော့ ကြိုတင်ကာကွယ်ဆေးကို ထိုးကြပါလို့ ကျွန်တော်ပြောချင်ပါ တယ်။ ဖြစ်မဲ့ဖြစ်တောင်မှဘဲ ခံနိုင်ရည်ရှိပါတယ်။ အဲဒါဘဲ့ ပြောချင်ပါတယ်။ ကျေးဇူးတင် ပါတယ်။

 

ဒေါ်ခင်စော(ကျွန်းစုမြို့နယ်၊အမှတ်(၁)ရပ်ကွက်၌နေထိုင်သူ။ ။တစ်နေ့တော့ထမင်းဟင်း ချက်ရင်း အနံ့ပျောက်သွားပါတယ်။ အနံ့ပျောက်သွားတော့ ဆေးရုံ သွားပါတယ်။ ဆေးရုံ ရောက်တော့ အောက်ဆီဂျင်တွေ ဘာတွေ တိုင်းပြီးတော့ နှာခေါင်းမှာ ထိုးသွင်းပြီး စမ်းသပ် လိုက်တော့ အဖွားမှာ ပိုးတွေ့တယ်။ ဆေးရုံတက်ရမယ်ဆိုတော့ အဖွားက တက်လိုက်တယ်။ တက်ပြီးတော့ အောက်ဆီဂျင်တိုင်းလိုက်တော့ (၈၅)၊ ဆရာဝန်တွေက အောက်ဆီဂျင်ရှု မလားမေးတော့ အဖွားက မရှုဘဲ သွားလာနိုင်တယ်လို့ မရှုဘူးလို့ ပြောလိုက် တယ်။ ဆေးရုံမှာဘဲ့ ဒီအတိုင်းဘဲ့ နေတယ်။ ဆရာဝန်တွေက ပြောတယ်။ အဲဒီဆေးက အစားစာ ကောင်းကောင်း စားပေးရမယ်။ ရေများများ‌ သောက်ပေးရမယ်ဆိုတော့ အဖွားက ဆရာဝန်တွေ ပြောတဲ့ စကားအတိုင်း‌ ရေသောက်တယ်။ အစားများများ စားတယ်၊ အဖွားဘာမှမဖြစ်ဘူး၊ နေ့တိုင်းဘဲ့ မနက်(၇)နာရီ၊ ညနေ(၄)နာရီ အောက်ဆီဂျင်လာတိုင်းတယ်။ လာတိုင်းရင် အဖွားက (၉၄/၉၅) မနက်ရော၊ ညရော အဲလိုဘဲ့ နေနေတာ၊ အဖွားက အစားစာ စားများတော့ နောက်နေ့တွေမှာ (၉၆/၉၇) ဖြစ်လာတယ်။ အဖွားက ဆေးလည်းမထိုး၊ ဘာမှလဲ မလုပ်ရဘူး၊ အဲလိုနေရင်း (၁၁)ရက်နေ့လဲ ကြတော့ ဆရာဝန်ကြီးက အဖွားကို ဆင်းလို့ရပြီ ပြောပါတယ်။ အဖွားက ဆင်းတာပေါ့၊ ဒါပေမဲ့ ကျွန်းစုဆေးရုံမှာ နေတုံးက ဆရာဝန်တွေ ဆရာမတွေက အရမ်း ဂရုစိုက် တယ်။ ဆရာဝန်ကြီးကလဲ တစ်နေ့တစ်ခါလောက် မနက်ဖြစ်ဖြစ် ညဖြစ်ဖြစ် ဝင်ပြီးရင် ကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေ ပြောပြပါတယ်။ အဖွား ဆေးရုံမှာ ကောင်း ကောင်းမွန်မွန်ဘဲ နေရပါတယ်။ (၁၁)ရက်ပြည့်တော့ ဆေးရုံဆင်း လက်မှတ် ရပါတယ်။

 

စည်သူရအောင်(ကျွန်းစု)