နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (လပွတ္တာ) အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် ၂ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

လပွတ္တာ       စက်တင်ဘာ    ၁၇

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် () မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်း  (လပွတ္တာအဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်  () နာရီအချိန်ခန့်က သင်တန်းကျောင်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားရာတွင် "သင်တန်းတွင် အမျိုးသမီးငယ်များကို ကျောင်းအိပ် ကျောင်းစားစရိတ်ငြိမ်းဖြင့် သင်ကြားပေးလျက်ရှိကြောင်း ၊ သင်ထောက်ကူ ပစ္စည်းအစုံအလင် ထောက်ပံ့ပေး ပြီး စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပါကြောင်း   သင်တန်းကျောင်းကနေသင်ကြား ပေးတဲ့ ပညာရပ်များဟာ လက်တွေ့နယ်ပယ်မှာ နေ့စဉ်နှင့်အမျှ အသုံးချနေရသည့် ပညာရပ်များကို ထပ်မံဆင့်ပွား၍ ဆန်းသစ်ကာ ကိုယ်ပိုင်ဒီဇိုင်းစိတ်ကူးများဖြင့် တီထွင်ဖန်တီးနိုင်အောင် ကြိုးပမ်းကြစေလိုကြောင်း သင်ပေးလိုက်တဲ့ လက်မှုအတတ်ပညာရပ်များ ကို အခြေခံ၍ ပြင်ပမှအမြင်များနှင့်ပေါင်းစပ်ကာ အဆင့်မြင့်ပညာရပ်များကိုလည်း တပ်မံလေ့လာရင်း ကိုယ်ပိုင်ဘဝရပ်တည်နိုင် အောင်ထိ ဆက်လက်သင်ယူကြဖို့လိုကြောင်း" ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သင်တန်းတွင်ထူးချွန်ဆုရရှိသူကို ချီးမြှင့်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေး မှူးမှ သင်တန်းသူများအားသင်တန်းဆင်းအောင်လက် မှတ်များကို ပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသူများ၏ အဝတ်အ ထည် လက်ရာခင်းကျင်း ပြသထားမှုကို ကြည့်ရှုပြီး သင်တန်းတွင် သင်တန်းသူ(၃၀) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁၈) ပတ်ကြာမြင့်ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲကိုလပွတ္တာခရိုင်/ မြို့နယ်ရှိ ဋ္ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းဆရာမ များ၊  သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 လပွတ္တာခရိုင် ပြန်/ဆက်