Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး
Sep 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားသော မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုးများ၊ ဝန်ထမ်းများနှင့်ပြည်သူများအား ယနေ့ နံနက် ၉ နာရီမှ ညနေ ၄နာရီအထိ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ အစားထိုးသီးနှံ ဆောင်းနေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်
Sep 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အစားထိုး သီးနှံအဖြစ် ရေဆင်း (၁) စပ်မျိုး နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် အသက်(၅၅) နှစ်အထက် အဘိုးအဘွားများအား တတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ
Sep 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အသက်(၅၅)နှစ်အထက် အဘိုးအဘွား များအား တတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ကာကွယ်ဆေးဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်မှစတင်၍ ဖျာပုံမြို့ အထက(၁)ကျောင်းတွင် ဆေးထိုးစုရပ်ထားရှိကာ ရပ်ကွက်/ ကျေးရွာများအား နေ့ရက်အလိုက် အုပ်စုခွဲ၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများ အခမဲ့ဖြန့်ဝေ
Sep 17,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်သည့် အသိပညာများရရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေး အတွက် နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကိုယနေ့ နံနက်ပိုင်းမှစတင်ကာပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့နယ်တွင် ဒေသခံပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်၊ ကြက်ဥများရောင်းချပေး
Sep 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားဝတ်နေရေးအဆင်ပြေသက်သာစေရန် ရည်ရွယ်၍ ဆန်၊ ကြက်ဥ များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီ အချိန်ကအမှတ်( ၉) ရပ်ကွက်၊ အခွန်လွတ် စျေး၌ရောင်းချပေးခဲ့ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်း စကားသံများ
Sep 17,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက် ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြလိုက် ရပါသည်-
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း)မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ကိုဗစ်၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို ယနေ့တွင် ရပ်ကွက်နှင့် ကျေးရွာများအရောက် တိုက်တွန်း နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအီမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁)ဦး ထပ်မံတွေ့ရှိရာ ပိုးတွေ့လူနာ( ၃၄)ဦးထိ ရှိလာပြီဖြစ်
Sep 17,2021
ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာဖြင့် လာရောက်ပြသသူ( (၁)ဦးအားကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ COVID-19 Rapid Test Kit ဖြင့် စစ်ဆေးခဲ့ရာတွင်ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မအီမြို့၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25529
Page
25530
Page
25531
Page
25532
Current page
25533
Page
25534
Page
25535
Page
25536
Page
25537
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department