Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဆီဆိုင်မြိုနယ်၌ Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ရွာတွင်းသဲဗြုန်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ပြည်သူ့လွှတ်တော်ကို…
Aug 21,2020
ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင် မြို့နယ်တွင် Cash For Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေဖြင့် ရွာတွင်းသဲဗြုန်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ယမန်နေ့ နံနက် ၉ နာရီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း၊ သက်ဆိုင်ရာကျေးရွာ စီမံကိန်းကော်မတီဉက္ကဋ္ဌများ လိုက်ပါလျက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောက်ကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲစာရင်းများမှန်ကန်စေရေးနှင့် လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်…
Aug 21,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့ တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ(၅၆၁၂၀)ဦးရှိပြီး လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ(၁၃၆၅၄)ဦးရှိ
Aug 21,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲဆန္ဒရှင်စာရင်း များကို ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ ဩဂုတ်လ(၇)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်၌ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများမှ ရပ်ကွက်အလိုက်၊ လမ်း အလိုက်၊ နယ်မြေအလိုက် ပထမအကြိမ် ကပ်ထားခဲ့ပြီး ထပ်မံ၍ မဲဆန္ဒရှင်များ လိုအပ်သည့်တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများကို ဆောင်ရွက်ရန်အတွက်ကို ဩဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ(၇)ရက် ထပ်မံတိုးမြှင့်ကြေညာထားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ကာလ၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတစ်စုလျှင် ငွေ (၂၀၀၀၀) ကျပ် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်
Aug 21,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလမှာ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် နိုင်ငံတော်မှပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တစ်အိမ်ထောင်စုလျှင်ငွေ (၂၀၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အများပြည်သူကျန်းမာရေးအတွက် အထောက်အကူပြုစေမည့် အားကစားကိရိယာ (၄၄) ခုကို ရပ်ကွက် (၁၀) ခုတွင် ထားရှိတပ်ဆင်ပေးသွားမည်
Aug 21,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများကျန်းမာရေးနှင့်ညီညွတ်စေရေး အတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်သော အားကစားပစ္စည်းများကို ရပ်ကွက် (၁၀)ခုတွင်ရှိသော အားကစားပြုလုပ်နိုင်ရန် ရွေးချယ်ထားသည့် နေရာ(၁၁)ခုတွင် တစ်နေရာလျှင် အားကစားပစ္စည်း(၄)မျိုးစီဖြင့် စုစုပေါင်း(၄၄)ခု ထားရှိပေးသွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီခရိုင် မြေစိုက်နံရံကပ်ပြဘုတ်၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသထား
Aug 21,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံ ကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသထားလျက်ရှိရာ ပြည်သူများလာရောက် ကြည့်ရှုကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖာပွန်ခရိုင်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု
Aug 21,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ရန် ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုအနေမှာ ကွင်းဒလ (ရေပူ-အ.လ.က-ခွဲ) ကျောင်းတွင် တန်ဖိုးနည်းအိမ်ရာ (၂) လုံး တည်ဆောက်ခြင်း
အပြည့်အစုံ ဖတ်ရန်
တေရသမရွှေကျင်သာသနာပိုင် ညောင်ရွှေကန်ကြီးဆရာတော်ဘုရားကြီး၏ ကြေးသွန်းရုပ်တုတော် သွန်းလုပ်ပူဇော်မည်
Aug 21,2020
(၁၃)ဆက်မြောက် ရွှေကျင်နိကာယ သံဃာ့ဂိုဏ်းကြီး၏ တေရသမရွှေကျင်သာသနာပိုင် ဆရာတော်ဖြစ်တော်မူသော ဘဝနတ်ထံ ပျံလွန်တော်မူပြီးဖြစ်သည့် ကန်ကြီးပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဝိမလာဘိဝံသ အရှင်မြတ်၏ ကြေးသွန်းရုပ်တုတော်ကို သွန်းလုပ်ပူဇော်၍ ညောင်ရွှေမြို့၊ ကန်ကြီးပရိယတ္တိစာသင်တိုက်ရှိ အောင်မင်္ဂလာဓမ္မာရုံရှေ့၌ ထားရှိပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25529
Page
25530
Page
25531
Page
25532
Current page
25533
Page
25534
Page
25535
Page
25536
Page
25537
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department