ဆွမ်ပရာဘွမ်မြို့၌onlineမှတစ်ဆင့်အသိပညာပေးအစီစဉ်များကိုတင်ဆက်ပေးလျက်ရှိ

ဆွမ်ပရာဘွမ် စက်တင်ဘာ ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်၁၉ရောဂါ ကာလအတွင်း အသိပညာပေးလုပ်ငန်းများကို Onlineမှတစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်စေရန် ရည်ရွယ်၍ကျောင်းသားကျောင်းသူနှငF1့ ပြည်သူများ စာပေဗဟုသုတ ပိုမိုတိုးတက်မြင့်မားလာစေရန် onlineအသိပညာပေးအစီစဉ်များကို ပြည်သူ့စာကြည့်တိုက်မှ ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါonlineအစီစဉ်အားကိုဗစ်၁၉ရောဂါဖြစ်ပွားစဉ်ကာလအတွင်း စာသင်ကျောင်းများ ယာယီ ပိတ်ထားသောကြောင့် မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တိုးတက်စေရန်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်၊ အသိပညာ၊ အတတ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက်ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်းနှင့် စာဖတ်ပရိသတ်များ အတွက်သုတ/ ရသစာအုပ်များဖြင့် စာအုပ်မိတ်ဆက်ခြင်း စသည့်အသိပညာ ပေးလုပ်ငန်းအစီစဉ်များ အားရိုက်ကူး၍ လစဉ်ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့ စာကြည့်တိုက်မှတစ်ဆင့် ထုတ်လွှင့် ပေးလျက်ရှိကြောင်းသိရသည်။

ဆွမ်ပရာဘွမ်(မြို့နယ်ပြန်/ဆက်)