တံတားဦး ၊ စက်တင်ဘာ - ၁၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူများပူးပေါင်းစေရန် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခေါင်းကွဲကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်ကြကြောင်းသိရသည် ။
အသိပညာပေးနှိုးဆော်ရာ၌ လက်ရှိအခြေအနေတွင် အရေးကြီးဆုံးမှာ အတက်နိုင်ဆုံး မဖြစ် မနေ အိမ်တွင်း၌သာ နေထိုင်ကြရန် ၊ သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ရောဂါ ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ကြောင်း ၊ မိမိတို့နေအိမ်တွင် ပြင်ပမှ လာသော ဧည့်သည်များလက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများထံသို့ သွားရောက် ခြင်းမပြုကြရန် ၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်သို့ သွားလာရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပြီး အခြားသူများနှင့် ခပ်ခွာခွာနေထိုင်ပြေဆို နေထိုင်ပြီး Mask မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း ၊ စကားပြောခြင်း ၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန် ၊ လူစုလူဝေးပြုလုပ်ခြင်းမှ ရှောင်ကြစေလိုကြောင်း ၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်မိတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြော ပေးစေလိုကြောင်း ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများမှ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြေင်း ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ပြီးသူများ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ထိုးနှံရမည့်ရက်အလိုက် ကျန်ရှိနေသူများကို ကာကွယ် ဆေးထိုးနှံ ပေးမည့် စုရပ်များတွင် ဒုတိယအကြိမ် နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ လာရောက်ထိုးနှံပေးကြရန် ခေါင်းကွဲ ကျေးရွာအုပ်စု သင်ပန်း ကျေးရွာတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးခြင်းများ ဆောင်ရွက်ကြကြောင်းသိရ သည် ။
တံတားဦးမြိုတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ ကျား(၁၈၇)ဦး ၊ မ(၂၅၄)ဦး ၊ စုစုပေါင်း (၄၄၁)ဦး ၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှခွင့်ရသူ ကျား(၁၅၃)ဦး ၊ မ(၂၀၆)ဦး ၊စုစုပေါင်း (၃၅၉)ဦး ၊ ဆေးကုသမှုခံယူသူ ကျား(၁)ဦး ၊ မ(၄)ဦး စုစုပေါင်း(၅)ဦးဖြစ်ပြီး သေဆုံးသူ ကျား(၃၃)ဦး ၊ မ(၄၄)ဦး စုစုပေါင်း(၇၇)ဦးဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည် ။
.ရဲတင့်(တံတားဦး)