ကလိန်အောင် စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိပြည်သူများကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာ များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့ကကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေးအသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့ညနေ(၆)နာရီခန့်က မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အတွင်းလှည့်လည်ကာ ပြည်သူများ အပြင်သို့သွားလာသည့်အခါ ပါးစပ်နှင့်ခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield)တို့အား စနစ်တကျတပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကို စက္ကန့် ၂၀ ကြာမကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများနှင့် အဲယားကွန်း အသုံးများသောအခန်းများ၊ လေဝင်/ လေထွက်မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှရှောင်ကျဉ်ရန်၊ နေအိမ်ရှိ အသက် (၆၀) နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကျဉ်ရန်၊ အသွားအလာတားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှသာ စျေးရောင်း/စျေးဝယ်ကြရန်၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့် ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်- ၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်စသည် တို့အား အသိပညာနှိုးဆော် ထားရှိကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)