မင်းကင်းမြိုနယ်၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မင်းကင်း စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  ထိုးနှံရန် ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မင်းရာဇာခန်းမ၌  ဆက်လက် ထိုးနှံပေး  လျက်ရှိကြောင်း သိရသည်။

အဆိုပါ  ဒုတိယအကြိမ်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို  စက်တင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ  ယနေ့အထိ ထိုးနှံပေးလျက်ရှိပြီး   ပြည်သူများ ကာကွယ်ဆေး ထိုးနှံရာတွင်  အခက်အခဲ မရှိ  အဆင်ပြေစွာ ထိုးနှံရေးအတွက်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး  စနစ်တကျ ထိုးနှံဆောင်ရွက် ပေးနေကြောင်း သိရသည်။

မင်းကင်းမြို့နယ်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးရမည့် ဦးရေ(၂၀၀၀) ဦးရှိပြီး ၁၆ ရက်နေ့ ညနေအထိ  ကာကွယ်ဆေး ထိုးနှံပြီးသူဦးရေ(၁၆၇၀)ဦးရှိပြီ ဖြစ်ကြောင်း  မင်းကင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းထံက သိရသည်။

မေသက်(ပြန်/ဆက်)