မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသူများအား ဆက်လက်ထိုးနှံပေး

မုဒုံ စက်တင်ဘာ ၁၇

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို  ယနေ့ နံနက် ၈ နာရီကစတင်ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို  ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒေသခံပြည်သူများအဆင်ပြေစွာထိုးနှံ နိုင်ရေးအတွက် ကော့ခပုံကျေးရွာဓမ္မာရုံ၊  ကော့ပရံကျေးရွာဓမ္မာရုံ၊  မုဒုံမြို့နယ် သာသနာ့ဗိမာန်၊ တံခွန်တိုင်ကျေးရွာ  ဝက်တဲ ဓမ္မာရုံ၊ ကမာဝက်မြို့ ကျိုက်ဇယ်ဓမ္မာရုံ(ရှေ့)၊ ကလော့သော့ ကျေးရွာဓမ္မာရုံ၊ ကျောက်တလုံးကျေးရွာဓမ္မာရုံ၊ ကန်ကြီးဓမ္မာရုံ၊ တံခွန်တိုင်ကျေးရွာ  ဂမုန်းကျောင်းဓမ္မာရုံ၊ ကမာဝက် ကျိုက်ဇယ်ဓမ္မာရုံ(နောက်)၊ ကော့ပီထောဓမ္မာရုံ၊    နှီးပဒေါတိုက် ကျောင်းဓမ္မာရုံ၊ နှီးပဒေါကျိုက် ကရိတ်ကျောင်းဓမ္မာရုံ ဆေးထိုးစုရပ် (၁၃)နေရာတို့တွင်   စုရပ်နေရာတစ်နေရာ၌   လူဦးရေ ၂၀၀ စုစုပေါင်း ၂၆၀၀ ဦးခန့်ကို  ကျန်းမာရေး ဝန်ထမ်းများက     သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော် အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များ၊   ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်သည်။

မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ်  ပထမအကြိမ်ကို အသက် (၅၅)နှစ်နှင့် အထက်မသန်စွမ်းသူများ၊ ဆီချို၊ သွေးတိုး၊ နှလုံးအစရှိသည့် နာတာရှည်ရောဂါ အခံရှိသူများအုပ်စု သုံးခုကို အဓိကထိုးနှံပေးရာ စက်တင်ဘာ ၁၆ ရက်နေ့အထိ ထိုးနှံပေးပြီးသူ စုစုပေါင်း ၅၃၂၅ ဦးကို ထိုးနှံပေးပြီး ဖြစ်ကြောင်း မုဒုံမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)