ကွမ်းခြံကုန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယ) အကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ကွမ်းခြံကုန်း ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်နိုင်ရေးအတွက် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရ၊   ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်း မိသားစုများနှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများအား ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် လက်ခုပ်ကုန်း တိုက်နယ်ဆေးရုံများတွင် ဩဂုတ်လ(၃၀)ရက်နေ့မှစ၍ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ကျန်းမာရေး ဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတ လူမှုရေးအသင်း အဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ဩဂုတ်လ (၁) ရက်နေ့မှ ဩဂုတ်လ(၂၇)ရက်နေ့အထိ လူဉီးရေ စုစုပေါင်း (၄၈၆၂) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ)အကြိမ်အား ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာ(၁၅) ရက်နေ့အထိ (၂၈၀၅)ဦး ထိုးနှံပေးပြီးကြောင်းနှင့် ကျန်ရှိသည့်ဦးရေ(၂၀၅၇)ဦးအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)