ပင်လောင်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စတင်ဖြစ်ပွားသည့် ဇွန်လ (၃၀) ရက်နေ့မှယနေ့ထိ ပိုးတွေ့လူနာပေါင်း (၁၂၄၃) ဦးရှိပြီး ယနေ့ထိ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ကုသပျောက်ကင်း၍ နေအိမ်သို့ပြန်ခွင့်ရသူ စုစုပေါင်း (၁၁၁၉) ဦးထိ ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများမှာ ပင်လောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက RDT (Rapid Test Kit) ဖြင့် (၁၅၅) ဦးအား စစ်ဆေးခဲ့ရာ အတည်ပြု လူနာအသစ် (၁၀) ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ နောင်တရား တိုက်နယ်ဆေးရုံ၊ တီကျစ်တိုက်နယ်ဆေးရုံ၊ ဆောင်းပြောင်းတိုက်နယ်ဆေးရုံ၊ ပေါင်းလောင်း တိုက်နယ်ဆေးရုံတို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ကုသရေးစင်တာများတွင်ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ပျောက်ကင်း သွားပြီဖြစ်၍ နေအိမ်သို့ပြန်ခွင့်ရသူ (၁၁၁၉) ဦးဖြစ်ပြီး ၎င်းတို့၏နေအိမ်တွင် Home Quarantine (၇) ရက် ဆက်လက်နေထိုင်စေခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ဇွန်လ (၃၀)ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာပေါင်း (၁၂၄၃) ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရသူ ပေါင်း(၁၁၁၉)ဦး၊ ယနေ့အထိ ဆေးကုသမှုခံယူနေသူပေါင်း(၁၁၂)ဦး၊ သေဆုံးသူ(၁၅)ဦးရှိကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ထွန်းလင်း(ပင်လောင်း)