အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2021
ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်မှုမခံရစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ မြကန်သာရပ်ကွက်သို့ သွားရောက်ကာ မြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 17,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မအီမြို့ရုံးမှ အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိသည်။
Sep 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင်အသက်(၅၅)နှစ်မှ(၆၄)နှစ်အတွင်းရှိပြည်သူများအား တရုတ်နိုင်ငံထုတ် Sinpharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အဏ္ဏဝါရပ်ကွက်၊ မဥ္ဇူသကခန်းမ၌ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စတင်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
Sep 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ယနေ့နနက်ပိုင်းအချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 17,2021
ကျေးလက်ဒေသများတွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်သော ကျေးရွာများပေါ်ထွက်လာစေရန်၊ ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မား လာစေရန်နှင့် ရေရရှိရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်ရည်ရွယ်၍ ရေပေးရေးဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်း၊ ခေါင်းဆောင်မှုနှင့် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ် ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် ၁ဝ နာရီခွဲအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့် လည်၍ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
Sep 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆက် လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သံပို ၊ ကုလားကွဲ ၊ ဒိုးပင်အုပ်စုများရှိ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းမှ သံဃာ(၄၈)ပါး၊ သီလရှင် (၆)ပါး၊ လူပုဂ္ဂိုလ် (၁၃) ဦး ၊နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ၌ လူပုဂ္ဂိုလ် (၁၇)ဦး ၊ ဆီဆုံ၊ တောင်ရှည် ၊ ရေတွင်းကြီးအုပ်စုများ၌ လူပုဂ္ဂိုလ် (၁၂၂)ဦး စုစုပေါင်း (၂၀၆)ဦးကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ရာ လူပုဂ္ဂိုလ် (၅၈)ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
Sep 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး၊သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းအား ယနေ့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။