ဘုတလင် စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော သံဃာတော်ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ယနေ့မှ စတင်ကာ မြို့နယ်အာကစားခန်းမအတွင်းတွင် ထိုးနှံပေးလျက်ရှိပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပီးသူများအနေဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံရန် ကျန်ရှိသူများကိုလည်း မြို့နယ်ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံးတွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပီးသူများကို (ဒုတိယအကြိမ်) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
နှင်းယုအေး(ပြန်/ဆက်)