ကန့်ဘလူမြို့နယ်၌ လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကန့်ဘလူ စက်တင်ဘာ ၁၇

ကန့်ဘလူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာ လှပရေးအတွက် လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို မြို့နယ် စည်ပင် သာယာရေး အဖွဲ့၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်မြို့ပြ / ကျေးလက် လမ်း၊တံတားလုပ်ငန်းများကို ခွင့်ပြုငွေကျပ် ၂၆၇ ဒသမ ၂၆၆ သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမှတ်(၁)ရပ်ကွက် အောင်သိဒ္ဓိလမ်း ကျောက်ချောခင်း ခြင်း(၁၇၀၀ × ၁၄)ပေ၊ အမှတ်( ၃)ရပ်ကွက် ညောင်အိုင် အထက(ခွဲ)ကျောင်းရှေ့လမ်း ကတ္တရာခင်း ခြင်း(၇၃၅ ×၁၄)ပေ၊ အမှတ် ( ၅)ရပ်ကွက် နီလာလမ်း ကျောက်ချောခင်းခြင်း( ၁၀၀၀× ၁၄)ပေ ၊အမှတ်( ၂)ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း(ရဲစခန်းဘေး)ကတ္တရာထပ်ပိုးလွှာခင်းခြင်း( ၁၀၀၀ ×၂၄) ပေ၊ သားသတ်ရုံ ( ၂၉)ရုံ တည်ဆောက်ခြင်း Steel Structure( ၁၆× ၈)ပေ၊အမှတ်( ၃)ရပ်ကွက် ရွှေကျွန်း တောလမ်းသွယ်များ ကတ္တရာခင်းခြင်း (၁၁၉၀ ×၁၄)ပေ စသည့်လုပ်ငန်းများအား တင်ဒါ အောင်မြင် သော ရွှေသုခဝင်းကုမ္ပဏီမှ  တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အမှတ်(၂)ရပ်ကွက် စွယ်တော်လမ်း ကွန်ကရစ်နှင့်ကတ္တရာခင်းခြင်း(၅၀၀× ၁၂)ပေ ၊အမှတ် (၃)ရပ်ကွက် မာဃလမ်းသွယ်(၁) ကတ္တရာခင်းခြင်း(၃၄၀× ၁၂)ပေ၊ အမှတ်(၄)ရပ်ကွက် တောင်ပိုင်းလမ်း မကြီး ကတ္တရာခင်းခြင်း (၅၀၀×၁၄)ပေ၊အမှတ်(၄)ရပ်ကွက် တောင်ကျောင်းကြီး အနောက်ဘက်လမ်း ကတ္တရာ ခင်းခြင်း(၅၀၀× ၁၂)ပေ ၊အမှတ်(၄)ရပ်ကွက် အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်လမ်းသွယ် ကတ္တရာ ခင်းခြင်း(၂၄၀ ×၁၄)ပေ၊ အမှတ် (၁)ရပ်ကွက်အတွင်း Box Culvert သုံးစင်း တည်ဆောက်ခြင်း(၂၄××) ပေ၊ အမှတ်( ၅)ရပ်ကွက် ဦးအောင်ဇေယျလမ်းပေါ် Box Culvert တစ်စင်း တည်ဆောက်ခြင်း(၂၄ ×× ၃)ပေ၊ အမှတ်( ၂)ရပ်ကွက် စည်ပင်သာယာလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း( ၅၉၀× ၂၂)ပေ၊ အမှတ်(၄)ရပ်ကွက် ဦးအောင်မြတ်လမ်း(ဂုဏ်ရောင်ဓာတ်ပုံတိုက်ရှေ့) ကတ္တရာထပ်ပိုး လွှာခင်းခြင်း (၅၀၀×၁၄)ပေ၊ မြို့တွင်းလမ်းပေါက်ဖာထေးခြင်း(၁၆၇၂၀)စတုရန်းပေ စသည့်လုပ်ငန်းများကို ဌာနမှ ဆောင်ရွက်ခဲ့သည်။

ကျေးရွာများအနေဖြင့်  ထန်းကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း (၆၅၅’ ×၁၄× ၆”)၊ ချပ်သင်းကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း (၂၀၀’×၁၄×”) ၊ကိုးထောင်ဘို့ကျေးရွာအ တွင်း ကွန်ကရစ်လမ်းခင်းခြင်း (၂၀၀’×၁၄×”)၊မလယ်ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း(၂၀၀’× ၁၄’×”)နှင့် သားသတ်ရုံ မြေနေရာဝယ်ယူခြင်းများကို ဌာနမှဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေကျပ် ၅၅ ဒသမ ၇၀၀ သန်းဖြင့် ကန့်ဘလူ-ကျွန်းလှအထွက်လမ်း မူလလမ်း ၁၂ ပေအား ၄ ပေချဲ့၍ ကတ္တရာခင်းခြင်းနှင့် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ( ၉၇၀ × ၁၆) ပေ၊ မလယ်ကျေးရွာ၌ မီးသဂြိုဟ်စက် တည်ဆောက်ခြင်း၊ အမှတ်( ၁) ရပ်ကွက် ကွန်ကရစ်တံတား တစ်စင်းတည်ဆောက်ခြင်း( ၃၀’× ၂၀’× ၅’-၆”) လုပ်ငန်းများကို ထက်ဘုန်းရောင်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အောင်ဝင်းငြိမ်း