စုကလိမြို့တွင် "သဘာဝပတ်ဝန်းကျင်လှပဖို့ ထိန်းသိမ်းကြပါစို့" အသိပညာပေး နံရံကပ်စာစောင်ပြသ

စုကလိ စက်တင်ဘာ  ၁၇

သဘာဝပတ်ဝန်းကျင် သာယာလှပရေးနှင့် ဂေဟစနစ်များ မပျက်စီးစေရေး ထိန်းသိမ်းသင့်သည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က "သဘာဝပတ်ဝန်းကျင်လှပဖို့ ထိန်းသိမ်းကြပါစို့" အသိပညာပေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် Ecosystem (ဂေဟစနစ်) အကြောင်း သိကောင်းစရာများ၊ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့၏ တန်ဖိုးနှင့်အကျိုးကျေးဇူးများ၊ ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်၊ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ဂေဟစနစ်နှင့် ဇီဝမျိုးကွဲ ဆက်စပ်မှုများ၊ အိုဇုန်းလွှာကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်များအား ထည့်သွင်းပြသထားသည်။

ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း